宋冉

တရုတ်ပြည်သည် ထင်မြင်ချက်နီးစပ်သော နိုင်ငံများကိုယ်စား လူ့အခွင့်အရေး ကောင်စီ အစည်းအဝေး၌ မိန့်ခွန်းပြောကြား

(GMT+08:00)2021-09-23 14:02:51  

ယခုလ ၂၂ ရက်နေ့က ကုလသမဂ္ဂ ဂျီနီဗာဆိုင်ရာ တရုတ်အမြဲတမ်း ကိုယ်စားလှယ် ချိန်ရွှီသည် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၄၈ ကြိမ်မြောက် အစည်းအဝေး၌ ထင်မြင်ချက်နီးစပ်သော နိုင်ငံ ၂၀ ကျော်အား ကိုယ်စားပြုပြီး ပူးတွဲမိန့်ခွန်းထုတ်ပြန်ခဲ့ရာ၌ နိုင်ငံတကာမိသားစုကြီးအနေနှင့် ကိုလိုနီဝါဒ အဆိပ်အတောက် အကြွင်းအကျန်မှ လူ့အခွင့်အရေးအပေါ် ထိခိုက်မှုကို အာရုံစိုက်ရန် ပန်ကြား ခဲ့သည်ဟု China Media Group မှ သတင်းအရသိရသည်။

ထိုပူးတွဲမိန့်ခွန်းထုတ်ပြန်ခဲ့ရာ၌ ချိန်ရွှီက ၂၀၂၁ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိ ကာလပိုင်းသည် ကိုလိုနီဝါဒပပျောက်ခဲ့သည့် စတုတ္ထမြောက် နိုင်ငံတကာဆယ်နှစ်မြောက် နှစ်ဖြစ်ပြီး နိုင်ငံတကာမိသားစုကြီးအနေနှင့် ကိုလိုနီဝါဒ အဆိပ်အတောက် အကြွင်းအကျန်မှ လူ့အခွင့်အရေးအပေါ် ထိခိုက်မှုကို ပပျောက်စေရန် တွန်းအားပေးသင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု သတင်းအရ သိရသည်။