宋冉

အမေရိကန်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ၂၀၁၉ ခုနှစ် စက်တင်ဘာလဝန်းကျင်တွင် စတင်ပြန့်ပွားမှု ဖြစ်နိုင်သည်ဟု လေ့လာမှုများအရ သိရ

(GMT+08:00)2021-09-23 14:01:00  

ChinaXiv ၏ ၂၂ ရက်နေ့က ထုတ်ပြန်သော bia data ကို အခြေခံသည့် သုတေသနရလဒ်တစ်ရပ်အရ အမေရိကန်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုသည် ၂၀၁၉ ခုနှစ် စက်တင်ဘာလဝန်းကျင်တွင် စတင် ပြန့်ပွားမှု ဖြစ်နိုင်သည်ဟု သိရပါသည်။

လေ့လာမှုရလဒ်များအရ အမေရိကန် အရှေ့မြောက်ပိုင်းရှိ ပြည်နယ် ၁၂ ခုတွင် ကိုဗစ်-၁၉  ရောဂါ ပထမဆုံး ကူးစက်ခံရမှု၏ ၅၀ ရာခိုင်နှုန်းဖြစ်ပွားခဲ့သည့်ရက်စွဲသည် ၂၀၁၉ ခုနှစ် သြဂုတ်လမှ အောက်တိုဘာလ အကြားတွင် ဖြစ်ပြီး အစောဆုံးမှာ Rhode Island ပြည်နယ်၌ ၂၀၁၉ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ဖြစ်ပြီး နောက်ဆုံးတွေ့ရှိချက်သည် အမေရိကန် Delaware ပြည်နယ်တွင် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ဖြစ်သည်။ ၄င်းတို့သည် အမေရိကန်မှ တရားဝင်ကြေညာထားသော ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ကထက်  ပိုစောသည်။ လေ့လာမှုများအရ အမေရိကန်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုသည် ၂၀၁၉ ခုနှစ် စက်တင်ဘာလဝန်းကျင်တွင် စတင် ပြန့်ပွားမှု ဖြစ်နိုင်သည်ဟု သိရပါသည်။