宋冉

တရုတ်လယ်သမားများ ကောက်ပဲသီးနှံ ရိတ်သိမ်းပွဲတော်ကို နွှဲပျော်

(GMT+08:00)2021-09-23 13:53:34  

တရုတ်လယ်သမားများ ကောက်ပဲသီးနှံ ရိတ်သိမ်းပွဲတော်ကို နွှဲပျော်_fororder_c

တရုတ်လယ်သမားများ ကောက်ပဲသီးနှံ ရိတ်သိမ်းပွဲတော်ကို နွှဲပျော်_fororder_d

တရုတ်လယ်သမားများ ကောက်ပဲသီးနှံ ရိတ်သိမ်းပွဲတော်ကို နွှဲပျော်_fororder_f

တရုတ်လယ်သမားများ ကောက်ပဲသီးနှံ ရိတ်သိမ်းပွဲတော်ကို နွှဲပျော်_fororder_b

တရုတ်လယ်သမားများ ကောက်ပဲသီးနှံ ရိတ်သိမ်းပွဲတော်ကို နွှဲပျော်_fororder_a

 စက်တင်ဘာလ ၂၃ ရက်နေ့သည် တရုတ်ရိုးရာပြက္ခဒိန်အရ ချူဖန်ရာသီချိန် (ဆောင်းကူးနေ့ည ညီခါစ ရာသီချိန်) ဖြစ်သကဲ့သို့ စတုတ္ထအကြိမ်မြောက် တရုတ် လယ်သမားများ ကောက်ပဲသီးနှံ အထွက်ကောင်းပွဲတော်ဖြစ်သည့် ရိတ်သိမ်းပွဲတော် ကာလလည်း ဖြစ်ပါသည်။ လက်ရှိအချိန်တွင် တရုတ်နိုင်ငံ အနယ်နယ်အရပ်ရပ်တွင် ဆောင်းဦးရာသီ ရိတ်သိမ်းခြင်းကို ရှေ့ဆင့်နောက်ဆက် ဆောင်ရွက်နေပြီး ကောက်ပဲသီးနှံ အထွက်ကောင်းမွန်ပါသည်။ လယ်သမားများသည် ကောက်ပဲသီးနှံ အထွက်ကောင်းသော နှစ်ကို ဂုဏ်ပြုပြီး ပျော်ရွှင်မှုကို မျှဝေပေးကာ တရုတ်နိုင်ငံတွင် ကောက်ပဲသီးနှံ အထွက်ကောင်းသော ရုပ်ပုံကို တွေ့မြင်နိုင်ပါသည်။

      ချုံချင့်မြို့ ယူယန် ထူကြားလူမျိုးနှင့် မြောင်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးခရိုင်တွင် ရွာသူရွာသားများသည် ပြောင်းဖူး၊ ဆိုယာပဲ၊ စပါးနှင့် ငရုတ်သီးစသည်တို့ဖြင့် “ကောက်ပဲ သီးနှံအထွက်ကောင်းသည်” ဟူသောပုံစံကို ဖန်တီးပြသပြီး တရုတ်လယ်သမားများ ကောက်ပဲသီးနှံ အထွက်ကောင်းပွဲတော်ကို နွှဲပျော်ကြပါသည်။ ကန်စုပြည်နယ် ကျန်းယေ့မြို့ ကန်ကျိုရပ်ကွက်တွင် ငရုတ်သီးအထွက်ကောင်းသဖြင့် လယ်သမားများသည် ဂုဏ်ပြုနေကြပါသည်။ ကျန်းစူးပြည်နယ် စူးကျိုးမြို့ ယန်ချင်ရေကန်တွင်လည်း ဂဏန်းကို စတင် ဖမ်းဆီးပါသည်။ မွေးမြူရေးသမားများသည် ယန်ချင်ရေကန် ဂဏန်းကို ပြသနေပါသည်။