宋冉

တရုတ်နှင့် ရုရှား၊ ဗင်နီဇွဲလား စသော နိုင်ငံ ၁၀ နိုင်ငံတို့သည် လူ့အခွင့်အရေးကောင်စီတွင် အစည်းအဝေးကျင်းပပြီး တစ်ဖက်သတ် အကျပ်ကိုင်မှု၏ ဆိုးကျိုးကို ပြစ်တင်ရှုတ်ချ

(GMT+08:00)2021-09-23 13:59:37  

စက်တင်ဘာလ ၂၂ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၄၈ကြိမ်မြောက် ညီလာခံကျင်းပရာ အတောအတွင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်၊ ရုရှား၊ ဗင်နီဇွဲလား၊ အီရန်၊ ဘယ်လာရုစ်၊ ကျူးဘား၊ ဆီးရီးယား၊ ဇင်ဘာဘွေ၊ နီကာရာဂွါ နှင့် ဘိုလီးဗီးယား စသော နိုင်ငံ ၁၀ နိုင်ငံရှိ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့တို့သည် ဂျီနီဗါ၌ “ဖွံ့ဖြိုးမှု အခွင့်အရေး ဖေါ်ဆောင်ရေးအပေါ် တစ်ဖက်သတ် အကျပ်ကိုင်မှုများ၏ ဆိုးကျိုး” ဗီဒီယို အစည်းအဝေးကို ပူးတွဲကျင်းပခဲ့ရာတွင် အမေရိကန်အပါအဝင် အနောက်တိုင်းနိုင်ငံများ၏ တစ်ဖက်သတ် အကျပ်ကိုင်မှုများသည် လူ့အခွင့်အရေးကို ပြင်းထန်စွာ ထိခိုက်ခြင်း၊ အမေရိကန် စသော နိုင်ငံများအား တစ်ဖက်သတ် အကျပ်ကိုင်မှုများကို ချက်ချင်းရပ်စဲရန် တိုက်တွန်းခြင်း နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ကုလသမဂ္ဂဂျီနီဗါရုံးနှင့် ဆွစ်ဇာလန်ရှိ အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ချိန်ရှုက တစ်ဖက်သတ် အကျပ်ကိုင်မှု၏ အနှစ်သာရသည် ဗိုလ်ကျလွှမ်းမိုးရေးလုပ်ရပ်နှင့် ဗိုလ်ကျမှုနိုင်ငံရေးဖြစ်သည်ဟု ပြောကြား ပါသည်။