宋冉

တစ်ကမ္ဘာလုံး ဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်ကို ဥက္ကဋ္ဌ ရှီကျင့်ဖိန် တင်ပြ

(GMT+08:00)2021-09-23 14:11:10  

ယမန်နှစ် တရုတ်ရိုးရာလမုန့်ပွဲတော်ညတွင် တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန် သည် ဗီဒီယိုပုံစံဖြင့် ကုလသမဂ္ဂ ဖွဲ့စည်းတည်ထောင်ခဲ့သည့် ၇၅နှစ်မြောက် အထိမ်းအမှတ် ဆက်စပ်အဆင့်မြင့်အစည်းအဝေးများ၏ နောက်ဆုံးအကြိမ်အစည်းအဝေးသို့ တက်ရောက် ခဲ့ပါသည်။ တစ်နှစ်ကြာပြီးနောက် ယခုနှစ် တရုတ်ရိုးရာလမုန့်ပွဲတော်နေ့တွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဗီဒီယိုပုံစံဖြင့် ၇၆ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ယေဘုယျ အချေအတင်ဆွေးနွေးပွဲသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါသည်။ ဥက္ကဋ္ဌ ရှီကျင့်ဖိန် သည် ကုလသမဂ္ဂဆိုသည့် နိုင်ငံစုံဇာတ်ခုံမှတစ်ဆင့် တရုတ်အသံကို ထုတ်ဖော်ပြောကြား ပြီး တရုတ်အဆိုပြုချက်ကို တင်ပြခဲ့ပါသည်။

ယုံကြည်စိတ်ကို ခိုင်မာစေပြီး အခက်အခဲကို အတူကျော်လွှား၍ ပိုမိုသာယာသော ကမ္ဘာကြီးကို အတူတည်ဆောက်ရန်ဟူသော ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားရာတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က တစ်ကမ္ဘာလုံးဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်ကို တင်ပြပြီး တစ်ကမ္ဘာလုံး ဖွံ့ဖြိုးတိုးတက်ရေး ကံကြမ္မာအသိုက်အဝန်းကို တည်ဆောက်ရန် ပန်ကြားခဲ့ပါသည်။