宋冉

ရှီကျင့်ဖိန်က ကျေးလက်ဒေသ၏ ကိစ္စရပ်များကို အမြဲ အလေးထားဂရုစိုက်

(GMT+08:00)2021-09-23 13:46:34  

ရှီကျင့်ဖိန်က ကျေးလက်ဒေသ၏ ကိစ္စရပ်များကို အမြဲ အလေးထားဂရုစိုက်

---------------------

စတုတ္ထအကြိမ် တရုတ်လယ်သမားများ ရိတ်သိမ်းပွဲတော် ကျရောက် လာပါပြီ။ တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်က အမျိုးသားရှင်သန်ရေး အကောင်အထည်ဖော်ဆောင်ရန် ကျေးလက်ဒေသကို ဖွံဖြိုးတိုးတက်စေမည်ဟု ကြိမ်ပေါင်း များစွာ ပြောခဲ့ပါသည်။ ရှီကျင့်ဖိန်က ကျေးလက်ဒေသနှင့်သက်ဆိုင်သော လူနှင့် ကိစ္စရပ် များကို အမြဲ အလေးထားဂရုစိုက်၍ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံဖြိုး တိုးတက်ရေးဆိုင်ရာ အရေးပါသော အဆိုပြုချက်များကို ကြိမ်ပေါင်းများစွာ ရှင်းလင်း ဖော်ပြခဲ့ပါသည်။

ရှီကျင့်ဖိန်က လယ်သမားများ၏ ချမ်းသာပျော်ရွှင်မှုကို အရေးပါသော တာဝန် ဝတ္တရားအဖြစ် သတ်မှတ်ထားရမည်ဖြစ်ကြောင်း၊ လက်ထဲတွင် စားနပ်ရိက္ခာရှိမှသာ စိတ်ထဲတွင် ထိတ်လန့်မှုမရှိဆိုသည်မှာ မည်သည့်အချိန်အဆို အမှန်တရား ဖြစ်ကြောင်း၊ လယ်ယာစိုက်ပျိုးမြေသည် စားနပ်ရိက္ခာထုတ်လုပ်မှု၏ အရင်းခံဖြစ်သောကြောင့် မြေယာ တရားမ၀င် လုပ်ဆောင်မှုများကို ပြတ်ပြတ်သားသား တားဆီးပြီး စိုက်ပျိုးမြေကို ခိုင်ခိုင်မာမာ ထိန်းသိမ်းကာကွယ်ရမည်ဖြစ်ကြောင်း၊ တရုတ်လူမျိုးများအနေဖြင့် ထမင်း ပန်းကန်လုံးကို မိမိကိုယ်တိုင် ကိုင်ရမည့်အပြင် ပန်းကန်လုံးထဲရှိ စားနပ်ရိက္ခာကိုလည်း မိမိ ကိုယ်တိုက် စိုက်ပျိုးရမည်ဖြစ်ကြောင်း၊ ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို စွဲကိုင်ရမည်ဖြစ်ပြီး လယ်ယာစိုက်ပျိုးရေး၊ ကျေးလက်ဒေသနှင့် လယ်သမားများ ဘက်စုံဖွံ့ဖြိုးရေးကို တွန်းအားပေးရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ တိုးတက်စေရန် လယ်ယာစိုက်ပျိုးရေးတိုးတက်ရမည်ဖြစ်ပြီး တရုတ်နိုင်ငံ သာယာလှပဖြစ်စေရန် ကျေးလက် ဒေသ သာယာလှပစေရမည်ဖြစ်ကာ တရုတ်နိုင်ငံ ချမ်းသာကြွယ်ဝရန် လယ်သမားများ ချမ်းသာကြွယ်ဝရမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။