宋冉

ဝမ်ယိသည် ဖိတ်ကြားချက်အရ ဂျီ-၂၀ အာဖဂန်ရေးရာနှင့်ပတ်သက်၍ နိုင်ငံခြားရေး ဝန်ကြီးများ ဗီဒီယို အစည်းအဝေး ပါဝင်

(GMT+08:00)2021-09-23 14:08:04  

 တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက စက်တင်ဘာလ ၂၂ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ဂျီ-၂၀အုပ်စု၏ အလှည့်ကျသဘာပတိနိုင်ငံဖြစ်သည့် အီတလီနိုင်ငံခြားရေးဝန်ကြီး ဒီမာရော်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဂျီ-၂၀ အုပ်စု၏ အာဖဂန်နစ္စတန်ရေးရာဆိုင်ရာ နိုင်ငံခြာရေးဝန်ကြီးများ ဗီဒီယိုအစည်းအဝေးတွင် ပါဝင်မည်ဖြစ်ပြီး တရုတ်နိုင်ငံဘက်၏ အာဖဂန်နစ္စတန်နိုင်ငံအား လူသားချင်း စာနာ ထောက်ထားရေး ၊ လုံခြုံရေးပြန်လည်တည်ဆောက်ရေး အပါအဝင် ပြဿနာများနှင့်ပတ်သက်၍ ရပ်တည်ချက်ကို ဖော်ပြမည်ဖြစ်သည်။ တရုတ်နိုင်ငံဘက်က ကုလသမဂ္ဂသည် အာဖဂန်၏ ငြိမ်းချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ရေးနှင့် လူသားချင်းစာနာထောက်ထားရေး ကူညီပံ့ပို့ပေးရေးအတွက် အဓိကနည်းလမ်း ဖြစ်ကြောင်း၊  ဂျီ-၂၀ အုပ်စုသည် နိုင်ငံတကာစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် အနေနှင့် အပြုသဘောဆောင်သော အခန်းကဏ္ဍမှပါဝင်ရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။