辛甜

ပြည်ပတွင် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံသစ် တည်ဆောက်မည် မဟုတ်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00)2021-09-22 13:03:10  

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ယခုလ ၂၁ ရက်နေ့က ပီကင်းတွင် ဗီဒီယို ပုံစံဖြင့်  ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ယေဘုယျ အချေအတင် ဆွေးနွေးပွဲသို့ တက်ရောက်ပြီး “ယုံကြည်မှုကို ခိုင်မာစေကာ အခက်အခဲကို အတူ ကျော်လွှား၍ ပိုမိုကောင်းမွန်သော ကမ္ဘာကို အတူ တည်ဆောက်ရန်” ဟူသော ခေါင်းစဉ်ဖြင့် အရေးကြီး မိန့်ခွန်းကို ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။

ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် ၂၀၃၀ ပြည့်နှစ် မတိုင်မီတွင် ကာဗွန်အောက်ဆိုဒ် ထုတ်လွှတ်မှု အထွတ်အထိပ် ရှိစေရန်၊ ၂၀၆၀ ပြည့်နှစ် မတိုင်မီတွင် ကာဗွန်ဓါတ်ပြယ်မှု ဖေါ်ဆောင်စေရန် ကြိုးစားမည်ဖြစ်ကြောင်း၊  တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်  အစဉ်တစိုက် အသုံးပြုနိုင်သော၊ ကာဗွန် ထုတ်လွှတ်မှု နည်းပါးသော စွမ်းအင် ဖွံ့ဖြိုးမှုကို  အစွမ်းကုန် အားပေးထောက်ခံမည် ဖြစ်ပြီး ပြည်ပတွင် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံသစ် တည်ဆောက်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။