辛甜

အမေရိကန်နှင့် သြစတြေးလျစသည့် နိုင်ငံများအား ထိရောက်သော နည်းလမ်းများကို ဆောင်ရွက်ပြီး ပုဂ္ဂလိကပိုင် လုံခြုံရေးကုမ္ပဏီများအား ကြီးကြပ်ရန် တရုတ် တိုက်တွန်း

(GMT+08:00)2021-09-22 13:29:45  

အမေရိကန်နှင့် သြစတြေးလျစသည့် နိုင်ငံများအား ထိရောက်သော နည်းလမ်းများကို ဆောင်ရွက်ပြီး ပုဂ္ဂလိကပိုင် လုံခြုံရေးကုမ္ပဏီများအား ကြီးကြပ်ရန် တရုတ် တိုက်တွန်း_fororder_0922-13

ဒေသစံတော်ချိန် စက်တင်ဘာလ ၂၁ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ၄၈ ကြိမ်မြောက် အစည်းအဝေးတွင် ကြေးစားတပ်ပြဿနာဆိုင်ရာ လုပ်ငန်းအဖွဲ့ နှင့် ဆွေးနွေးပွဲကို ကျင်းပခဲ့ရာ ဂျီနီဗါဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ သံမှူးကြီးကျန်းဒွမ်က အမေရိကန်နှင့် သြစတြေးလျစသည့် နိုင်ငံများအား ထိရောက်သော နည်းလမ်းများကို ဆောင်ရွက်ပြီး ပုဂ္ဂလိကပိုင် လုံခြုံရေးကုမ္ပဏီများအား ကြီးကြပ်ရန် တိုက်တွန်းခဲ့ပါသည်။

သံမှူးကြီးကျန်းဒွမ်က တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နှင့် သြစတြေးလျစသည့် နိုင်ငံများ၏ ပုဂ္ဂလိကပိုင်စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုတွင် ပွင့်လင်းမြင်သာမှု မရှိ ခြင်း၊ ကြီးကြပ်မှု မရှိခြင်းနှင့် တာဝန်ပျက်ကွက်မှု ဆိုင်ရာ အရေးယူမှု မရှိခြင်း စသည်တို့ကို အာရုံစိုက်ကြောင်း၊ အမေရိကန်နှင့် သြစတြေးလျစသည့် နိုင်ငံများအား လူ့အခွင့်အရေးကို လေးစားရန်၊ တွန်းအားပေးရန်နှင့် ကာကွယ်ထိန်းသိမ်းရန်၊ ထိရောက်သော နည်းလမ်းများကို ဆောင်ရွက်ပြီး ပုဂ္ဂလိကပိုင် လုံခြုံရေးကုမ္ပဏီများအား ကြီးကြပ်ရန်၊ လူ့အခွင့်အရေး ကျူးကျော်ထိပါးမှုများအား တားဆီးပြီး လူ့အခွင့်အရေး ကျူးကျော်ထိပါးမှု ဖန်တီး သူများအား အရေးယူရန် ပန်ကြားကြောင်း ပြောကြားခဲ့ပါသည်။