辛甜

အီရန် သမ္မတ Raisi သည် ကုလ အထွေထွေ ညီလာခံ၌ ကန်၏ ဗိုလ်ကျစိုးမိုးရေးဝါဒကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချ

(GMT+08:00)2021-09-22 12:55:29  

ဒေသစံတော်ချိန် ယခုလ ၂၁ ရက်နေ့က ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ယေဘုကျ အချေအတင် ဆွေးနွေးပွဲတွင် အီရန်နိုင်ငံ သမ္မတ Raisi သည် အမေရိကန်နိုင်ငံအား ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပြီး ယခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က လွှတ်တော် အဆောက်အအုံ စီနင်းဝင်ရောက်ခြင်းအရေးအခင်းရော၊ ပြီးခဲ့သည့် သြဂုတ်လက အာဖဂန် အရပ်သားများက အမေရိကန်တပ်ဖွဲ့ လေယာဉ်မှ ကြွေကျခဲ့သည့်အရေးအခင်းပါ၊ အမေရိကန်၏ ဗိုလ်ကျစိုးမိုးရေးဝါဒသည် ပြည်တွင်းအတွက်ရော၊ ပြည်ပအတွက်ပါ ကတိကဝတ် လုံးဝမရှိဟု ကမ္ဘ္ဘာလူထုများအား သက်သေပြခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့ သည်ဟု China Media Group မှ သတင်းအရသိရသည်။

ထို့အပြင် Raisi က အီရန်အား အမေရိကန်မှ အရေးယူမှုကျင့်သုံးခြင်းအပေါ် ပြစ်တင် ရှုတ်ချပြီး၊ အီရန်ပြည်သူများအနေနှင့် ကိုယ့်ပိုင်ဆိုင်ရာများ ပြန်ရချင်သာ ဖြစ်ကြောင်း၊ အင်အားစုဘက်များအနေနှင့် နျူကလီးယားသဘောတူစာချုပ်ပါ သက်ဆိုင်ရာ စည်းမျဉ်းများကို လက်တွေဖော်ဆောင်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရသည်။