辛甜

ဝင်ငွေများပြားသော နိုင်ငံများ ကာကွယ်ဆေး မျှဝေသုံးစွဲခြင်း ကဏ္ဍတွင် ပါဝင်ခြင်း မရှိခဲ့သည့်အတွက် Guterres ပြစ်တင်ရှုတ်ချ

(GMT+08:00)2021-09-22 12:54:54  

ဝင်ငွေများပြားသော နိုင်ငံများ ကာကွယ်ဆေး မျှဝေသုံးစွဲခြင်း ကဏ္ဍတွင် ပါဝင်ခြင်း မရှိခဲ့သည့်အတွက် Guterres ပြစ်တင်ရှုတ်ချ_fororder_0922-11

     ဒေသစံတော်ချိန် ယခုလ ၂၁ ရက်နေ့က ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ယေဘုကျ အချေအတင် ဆွေးနွေးပွဲတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Guterres က ကမ္ဘာ့ချမ်းသာသော နိုင်ငံများအနေနှင့် ဝင်ငွေနည်းပါးသော နိုင်ငံများနှင့် ကာကွယ်ဆေးများ မျှဝေသုံးစွဲသည့် အခန်းကဏ္ဍတွင် ပါဝင်ခဲ့ခြင်း မရှိသည့်အတွက် ပြစ်တင်ရှုတ်ချခဲ့ပြီး နိုင်ငံရေး လိုအင်ဆန္ဒချို့တဲ့မှု၊ အတ္တလွန်ကဲမှုနှင့် ယုံကြည်စိတ် ချို့တဲ့မှုကြောင့် ကိုဗစ်-၁၉ ကာကွယ်ဆေးရေးရာများတွင် သိပ္ပံနည်းပညာ တိုးတက်မှု ရရှိခဲ့သော်လည်း အသုံဝင်မှုမရှိခဲ့ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။

ဆက်လက်၍ Guterres က တစ်ကမ္ဘာလုံး စည်းလုံးညီညွတ်ရန် အလွန်လိုအပ်သော အချိန်ကာလတွင် စည်းလုံးညီညွတ်မှု ပျောက်ကွယ်သွားခဲ့ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရသည်။