辛甜

China Media Group မှ လမုန့်ပွဲတော် ညပဒေသာကပွဲတွင် တရုတ်နိုင်ငံ၏ လကမ္ဘာ စူးစမ်းရေး အိပ်မက်ကို အနုပညာဆန်ဆန်ဖြင့် တင်ဆက်ပြသ

(GMT+08:00)2021-09-22 13:19:00  

China Media Group မှ လမုန့်ပွဲတော် ညပဒေသာကပွဲတွင် တရုတ်နိုင်ငံ၏ လကမ္ဘာ စူးစမ်းရေး အိပ်မက်ကို အနုပညာဆန်ဆန်ဖြင့် တင်ဆက်ပြသ_fororder_0922-12

China Media Group မှ လမုန့်ပွဲတော် ညပဒေသာကပွဲကို ယခုလ ၂၁ ရက်နေ့ညတွင် ပြည်တွင်းပြည်ပ မီဒီယာများ၌ တစ်ပြိုင်တည်းတင်ဆက် ဖျော်ဖြေခဲ့ပါသည်။ ပဒေသာ ကပွဲတွင် တရုတ်နိုင်ငံ၏ လကမ္ဘာစူးစမ်းရေးအိပ်မက်ကို အနုပညာဆန်ဆန်ဖြင့် တင်ဆက် ပြသထားပါသည်။

ယခုအကြိမ် လမုန့်ပွဲတော် ညပဒေသာကပွဲကျင်းပရာနေရာသည် ရှီးချမ်းမြို့ ဖြစ်ပါ သည်။ ၁၉၈၄ ခုနှစ်က ရှီးချမ်းမြို့ ဂြိုဟ်တုလွှတ်တင်ရေးစခန်းတွင် တရုတ်ပြည် ပထမဦးဆုံး ကမ္ဘာပတ် ဂြိုဟ်တုကိုအောင်မြင်စွာ လွှတ်တင်ခဲ့ပြီးနောက် ရှီးချမ်းသည် တရုတ်ပြည် လကမ္ဘာစူးစမ်းရေး တာဝန်ကို စတင် ထမ်းဆောင်နေခဲ့ပါသည်။

ယခုအကြိမ် လမုန့်ပွဲတော် ညပဒေသာကပွဲတွင် အထူးအဓိပ္ပါယ်ပါရှိသော လက်ဆောင် တစ်ခုကိုလည်း ရရှိပါသည်။ ယင်းသည် တရုတ် အာကာသယာဉ်မှူးက အာကာသတွင် ရိုက်ကူးထားသော လဓါတ်ပုံ ဖြစ်ပါသည်။ တရုတ် အာကာသယာဉ်မှူးသုံးဦးက အာကာသ၌ ရက်၉၀ ကြာနေခဲ့ပြီး ယခုလ ၁၇ ရက်နေ့က မြေကမ္ဘာသို့ ပြန်လည် ဆင်းသက် ရောက်ရှိလာခဲ့ကြပါသည်။ ယင်းဓါတ်ပုံသည်  အာကာသယာဉ်မှူးယန်ဟုန်ပိုက အာကသ စခန်းတွင် ကိုယ်တိုင်ရိုက်ကူးခဲ့သော လဓါတ်ပုံပင် ဖြစ်ပါသည်။