辛甜

၁၀၉ ကြိမ်မြောက် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့် ကြပ်မတ်ရေး လှုပ်ရှားမှု လမုန့်ပွဲတော်နေ့တွင် စတင်

(GMT+08:00)2021-09-22 10:49:48  

၁၀၉ ကြိမ်မြောက် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့် ကြပ်မတ်ရေး လှုပ်ရှားမှု လမုန့်ပွဲတော်နေ့တွင် စတင်_fororder_0922-1

၁၀၉ ကြိမ်မြောက် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့် ကြပ်မတ်ရေး လှုပ်ရှားမှု လမုန့်ပွဲတော်နေ့တွင် စတင်_fororder_0922-3

၁၀၉ ကြိမ်မြောက် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့် ကြပ်မတ်ရေး လှုပ်ရှားမှု လမုန့်ပွဲတော်နေ့တွင် စတင်_fororder_0922-2

၁၀၉ ကြိမ်မြောက် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့် ကြပ်မတ်ရေး လှုပ်ရှားမှု လမုန့်ပွဲတော်နေ့တွင် စတင်_fororder_0922-4

တရုတ်ရိုးရာလမုန့်ပွဲတော်နေ့ဖြစ်သည့်  စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၈ နာရီ တွင် တရုတ်နိုင်ငံမှ ကင်းလှည့်သင်္ဘော ၃ စင်းသည် ယူနန်ပြည်နယ်မှ ခရီးစတင်ပြီး ၄ ရက် ၃ ညကြာ ဖြစ်မည့် ၁၀၉ ကြိမ်မြောက် တရုတ်၊လာအို၊မြန်မာ၊ ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့် ကြပ်မတ်ရေးကို စတင်ပြုလုပ်ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ယခုအကြိမ် တရုတ်၊လာအို၊မြန်မာ၊ ထိုင်း ၄ နိုင်ငံတို့သည် ကင်းလှည့် သင်္ဘော ၅ စင်းကို စုပေါင်းစေလွှတ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံမှ ကင်းလှည့်သင်္ဘောသည် တရုတ် နိုင်ငံရှိ ကွမ်းလေ့ဆိပ်ကမ်းမှ ထွက်ခွါပြီးနောက် လာအိုနှင့် မြန်မာနှစ်နိုင်ငံတို့မှ ကင်းလှည့် သင်္ဘောတို့သည် လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံဆိပ်ကမ်းမှ ရှေ့ဆင့်နောက်ဆက် ခရီးစတင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။