辛甜

ကန်အပေါ် ဥရောပသမဂ္ဂ၏ စိတ်ပျက်မိသောကိစ္စများတွင် ရေငုပ်သင်္ဘောကိစ္စ တစ်ခုတည်း သာမကဟု ဥရောပသမဂ္ဂအရာရှိ ဆို

(GMT+08:00)2021-09-22 12:21:19  

ဥရောပသမဂ္ဂအတွင်းဈေးကွက်ကော်မတီဝင် Thierry Breton က အတ္တလန္တိတ် သမုဒ္ဒရာဖြတ်ကျော်သော ဆက်ဆံမှုသည် ပြီးခဲ့သည့်နှစ်များတွင် ပြဿနာများစွာဖြစ်ပွားခဲ့ သောကြောင့် အမေရိကန်အပေါ် ဥရောပသမဂ္ဂ၏ စိတ်ပျက်မှုများတွင် ရေငုပ်သင်္ဘော တစ်ခုတည်းသာမကကြောင်း ၂၁ ရက်နေ့က ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

အမေရိကန်အစိုးရသည် ဥရောပသမဂ္ဂနှင့် အပြည့်အဝကူးလူးဖလှယ်မှုမလုပ်သော အခြေအနေတွင် အာဖဂန်မှ တပ်ဖွဲ့ကို ရုပ်သိမ်းခြင်း၊ ထရန့်အစိုးရကာလက ကျင့်သုံး ဆောင်ရွက်ခဲ့သော ခရီးသွားလာရေးကန့်သတ်ချက်ကို ဆက်လက်ကြာရှည်စွာ ထိန်းထား ခြင်းနှင့် ပြီးခဲ့သောသီတင်းပတ်က ဖြစ်ပွားခဲ့သော ရေငုပ်သင်္ဘောစာချုပ်ဖောက်ဖျက်ရေး ကိစ္စများကြောင့် အမေရိကန်အပေါ် ဥရောပ၏စိတ်ပျက်မှုကို တစ်ဆင့်တိုးပြင်းထန်စေ ကြောင်း Thierry Breton က ပြောကြားပါသည်။