辛甜

ဥရောပသမဂ္ဂ ထိပ်သီးအစည်းအဝေးသည် “မဟာဗျူဟာကိုယ်ပိုင်ဆုံးဖြတ်မှု”ကို အာရုံ စူးစိုက်မည်ဟု ဥရောပသမဂ္ဂကော်မရှင် ဒုဥက္ကဋ္ဌ ဆို

(GMT+08:00)2021-09-22 12:21:57  

ဥရောပသမဂ္ဂကော်မရှင် ဒုဥက္ကဋ္ဌ Sefcovic က အာဖဂန်မှ တပ်ဖွဲ့ကို ရှုပ်ထွေးစွာ ရုပ်သိမ်းမှုနှင့် ရေငုပ်သင်္ဘောစာချုပ် ဖောက်ဖျက်မှုကိစ္စများကြောင့် ဥရောပသမဂ္ဂ ခေါင်းဆောင်များသည် မိမိ၏ နိုင်ငံတော်ကာကွယ်ရေး ထူထောင်မှုကို အားဖြည့်ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးပြီး “မဟာဗျူဟာကိုယ်ပိုင်ဆုံးဖြတ်မှု” ခေါင်းစဉ်ကို အာရုံ စူးစိုက်မည်ဖြစ်ကြောင်း ၂၁ ရက်နေ့က ဘရပ်ဆဲလ်မြို့၌ ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

ထိုနေ့တွင်ပင် ဥရောပသမဂ္ဂ အထွေထွေရေးရာကောင်စီအစည်းအဝေးကို ဘရပ်ဆဲလ် မြို့၌ ကျင်းပခဲ့ကြောင်း၊ ယင်းအစည်းအဝေးသည် လာမည့်လဆန်းတွင် ကျင်းပ တော့မည့် ဥရောပသမဂ္ဂ ထိပ်သီးအစည်းအဝေးအတွက် သက်ဆိုင်ရာ ပြင်ဆင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း သတင်းရရှိပါသည်။