辛甜

စီးပွားရေးဖွံ့ဖြိုးမှု ခန့်မှန်းချက် အစီရင်ခံစာ OECD အဖွဲ့ ထုတ်ပြန်

(GMT+08:00)2021-09-22 12:10:56  

ဒေသစံတော်ချိန် စက်တင်ဘာလ ၂၁ ရက်နေ့က စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အဖွဲ့(OECD)၏ နောက်ဆုံးထုတ်ပြန်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုခန့်မှန်းချက် အစီရင်ခံစာတွင် ၂၀၂၁ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်နှုန်းမှာ ၅့၇ ရာခိုင်နှုန်း ရှိမည် ဖြစ်ပြီး ယခုနှစ် မေလက ထုတ်ပြန်ခဲ့သော ခန့်မှန်းချက်ထက် ၀့၁ ရာခိုင်နှုန်း ကျဆင်းလာကြောင်း၊ ဂျီ-၂၀ အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်နှုန်းမှာ ၆့၁ ရာခိုင်နှုန်း ရှိမည် ဖြစ်ကာ ယခုနှစ် မေလက ထုတ်ပြန်ခဲ့သော ခန့်မှန်းချက်ထက် ၀့၂ ရာခိုင်နှုန်း ကျဆင်းလာကြောင်း ခန့်မှန်းရပါသည်။

ယင်းအစီရင်ခံစာတွင် ၂၀၂၁ ခုနှစ် တရုတ်ပြည်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်နှုန်းမှာ  ၈့၅ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် တရုတ်ပြည်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်နှုန်းမှာ  ၅့၈ ရာခိုင်နှုန်းရှိနိုင်မည်ဖြစ်ကြောင်းလည်း ခန့်မှန်းထားပါသည်။