辛甜

China Media Group ၏ လမုန့်ပွဲတော် ညပဒေသာကပွဲ ပြည်တွင်းပြည်ပ၌ တစ်ပြိုင်တည်း တင်ဆက် ဖျော်ဖြေမှု ပရိသတ်အာရုံကို များပြားစွာ ဆွဲဆောင်မှုရရှိ

(GMT+08:00)2021-09-22 13:18:13  

China Media Group မှ လမုန့်ပွဲတော် ညပဒေသာကပွဲကို ယခုလ ၂၁ ရက်နေ့ ည ၈ နာရီကစပြီး ပြည်တွင်းပြည်ပမီဒီယာများ၌ တစ်ပြိုင်တည်း တင်ဆက် ဖျော်ဖြေခဲ့ပါသည်။ ရသမြောက်သည့် အစီအစဉ်များသည် ပြည်တွင်းပြည်ပမှ ပွဲကြည့်ပရိသတ်များ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့ပါသည်။ ၂၁ ရက်နေ့ည ၁၀ နာရီအထိ စာရင်းအရ China Media Group မှ လမုန့်ပွဲတော် ညပဒေသာကပွဲ၏ ဆွဲဆောင်မှုနှုန်းနှင့် ဈေးကွက်ပိုင်ဆိုင်မှုနှုန်းသည် ပထမနေရာ၌ တည်ရှိပြီး မီဒီယာကွန်ရက် တစ်ခုလုံးတွင် Hot search ၃၀၀ ကျော်၊ ကြည့်ရှုမှု စုစုပေါင်းပမာဏ ၉ ဘီလီယံ၊ ဗီဒီယိုထုတ်လွှင့်မှု အကြိမ်ပမာဏ သန်း ၉၀၀ ကျော် ရှိခဲ့သည်ဟု သတင်းရရှိပါသည်။