辛甜

လမုန့်ပွဲတော်မတိုင်မီ ထျန်ကျိုး အမှတ်-၃ ကုန်တင်အာကာသယာဉ် အောင်မြင်စွာ လွှတ်တင်

(GMT+08:00)2021-09-21 14:13:12  

 လမုန့်ပွဲတော်မတိုင်မီ ထျန်ကျိုး အမှတ်-၃ ကုန်တင်အာကာသယာဉ် အောင်မြင်စွာ လွှတ်တင်_fororder_0921-5

   တရုတ် လူပါ အာကာသလုပ်ငန်းရုံးမှ သတင်းအရ ပီကင်းစံတော်ချိန် စက်တင်ဘာလ ၂၀ ရက်နေ့ ညနေ ၃ နာရီ မိနစ် ၁၀ တွင် ထျန်ကျိုး အမှတ်-၃ ကုန်တင်အာကာသယာဉ်ကို သယ်ဆောင်သော လောင်းမတ်ခ်ျ 7 yao-4 သယ်ဆောင်ဒုံးပျံကို တရုတ်နိုင်ငံ ဝင်ချမ်း အာကာသ လွှတ်တင်ရေးစခန်းတွင် လွှတ်တင်ခဲ့ကြောင်း၊ ၅၉၇ စက္ကန့် ပြီးနောက် သတ်မှတ် ကမ္ဘာပတ်လမ်းကြောင်းသို့ ဝင်ရောက်ကာ ညနေ ၃ နာရီ ၂၂မိနစ်တွင် အာကာသယာဉ် ပုံမှန် လည်ပတ်ကာ ယခုအကြိမ်လွှတ်တင်ရေး တာဝန် အောင်မြင်ပါကြောင်း China Media Groupမှ သတင်းအရသိရပါသည်။