辛甜

ထျန်ကျိုး အမှတ်-၃ ကုန်တင်အာကာသယာဉ်သည် အာကာသစခန်းနှင့် အောင်မြင်စွာ ချိတ်ဆက်

(GMT+08:00)2021-09-21 14:14:25  

ယခုလ ၂၀ ရက်နေ့ ည ၁၀ နာရီ ၈ မိနစ်တွင် တရုတ်ပြည် ထျန်ကျိုး အမှတ်-၃ ကုန်တင်အာကာသယာဉ်သည် ထျန်ဟို အာကာသစခန်းနှင့် အောင်မြင်စွာ ချိတ်ဆက်ခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

တရုတ်အာကာသ သိပ္ပံနည်းပညာ ကုမ္ပဏီအုပ်စု အမှတ်-၅ သုတေသနဌာနမှ ထျန်ကျိုး ကုန်တင် အာကာသယာဉ် ဒီဇိုင်နာချုပ် ကျန်ကျန့်ဟွာက အရင်တုန်းက ချိတ်ဆက်မှု ပြုလုပ်ခြင်းသည် နာရီ သုံးလေးဆယ်ခန့် လိုအပ်ကြောင်း၊ ယခုအကြိမ် မြန်ဆန်စွာ ချိတ်ဆက်မှုသည်မူ သုံးလေးနာရီသာ လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။