辛甜

လပြည့်ချိန်၊ တရုတ်အိပ်မက်များ ပြည့်မြောက်ချိန်

(GMT+08:00)2021-09-21 09:31:49  

 လပြည့်ချိန်၊ တရုတ်အိပ်မက်များ ပြည့်မြောက်ချိန်_fororder_2

  တရုတ်ရိုးရာ လမုန့်ပွဲတော် ကျရောက်ပါပြီ။  လပြည့်ချိန်သည် အိပ်မက်များ ပြည့်မြောက်ချိန်ပင် ဖြစ်ပါသည်။ ယခုနှစ်အတွင်း တရုတ်နိုင်ငံသည် တရုတ်အိပ်မက် တစ်ခုပြီး တစ်ခု ပြည့်မြောက်နိုင်ခဲ့ပါသည်။

   ယခုနှစ် ဇူလိုင်လ ၁ ရက်နေ့က ကျင်းပခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခဲ့ခြင်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ပါတီနှင့် ပြည်သူများ ကိုယ်စား၊ ပါတီနှင့် တစ်ပြည်လုံး တိုင်းရင်းသား ပေါင်းစုံမှ ပြည်သူများ၏ ဆက်တိုက် ကြိုးပမ်းအားထုတ်မှုဖြင့် မိမိတို့သည် ပထမ နှစ် ၁၀၀ ကြိုးပမ်းဆောင်ရွက်ရေး ရည်မှန်းချက်ကို ဖေါ်ဆောင်ပြီ ဖြစ်ပြီး အသင့်အတင့် ချမ်းသာသော လူ့ဘောင်အဖွဲ့အစည်းကို ဘက်စုံ တည်ထောင်နိုင်ခဲ့ကြောင်း ကြေညာခဲ့ပါသည်။

 လပြည့်ချိန်၊ တရုတ်အိပ်မက်များ ပြည့်မြောက်ချိန်_fororder_3

ယခုနှစ် စက်တင်ဘာလ ၆ ရက်နေ့က တရုတ်အာကာသစခန်းသည် ကမ္ဘာလုံးနှင့် ကီလိုမီတာ ၄၀၀ ခန့် ကွာဝေးသော ကမ္ဘာပတ်လမ်းကြောင်းတွင် လည်ပတ်နေပြီး နေ့ဟိုင်ရှင့်သည် ပထမဆုံးဦးသော ကမ္ဘာပတ်လမ်းကြောင်းတွင် ရက် ၁၀၀ နေခဲ့သည့် တရုတ် အာကာသယာဉ်မှူး ဖြစ်လာခဲ့သည်။

လပြည့်ချိန်၊ တရုတ်အိပ်မက်များ ပြည့်မြောက်ချိန်_fororder_4

   ယခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့က ရှင်ကျိုး အမှတ်-၁၂ လူပါ အာကာသယာဉ်၏  မော်ကျူးယာဉ်သည် တရုတ်ပြည်သို့ အောင်မြင်စွာ ပြန်လည် ဆင်းသက်လာခဲ့ပါသည်။

  ယနေ့တွင် တရုတ်ကွန်မြူနစ်ပါတီသည် တရုတ်ပြည်သူများကို ဦးဆောင်ပြီး ဒုတိယ နှစ် ၁၀၀ ကြိုးပမ်းဆောင်ရွက်ရေး ရည်မှန်းချက် ဖေါ်ဆောင်ရေး လမ်းကြောင်းပေါ်သို့ တက်လှမ်းနေပါသည်။

လပြည့်ချိန်၊ တရုတ်အိပ်မက်များ ပြည့်မြောက်ချိန်_fororder_5

လပြည့်ချိန်၊ တရုတ်အိပ်မက်များ ပြည့်မြောက်ချိန်_fororder_6