朱蕾

“ဝေဂါအထူးတရားရုံး”၏ ကြံဖန်လီဆယ်မှုသည် ကမ္ဘာတစ်ဝန်း အကြမ်းဖက်မှု တိုက်ဖျက်ရေး အောင်ကျိုးရလဒ် အပေါ် ဖိနှိပ်မှုဖြစ်

(GMT+08:00)2021-09-15 15:23:53  

图片默认标题_fororder_微信图片_20210915145523

ဒေသ စံတော်ချိန် ယခုလ ၁၃ ရက်နေ့က “ဝေဂါအထူးတရားရုံး”၏ ဒုတိယ အကြိမ် ကြားနာစစ်ဆေးပွဲကို ဗြိတိန်နိုင်ငံတွင် ကျင်းပပြီးစီးခဲ့ကြောင်း၊ “ဝေဂါအထူးတရားရုံး” ဆိုသည်မှာ နိုင်ငံတကာ တရားဥပဒေ ဆိုင်ရာ အထောက်အပံ့နှင့် အကျိုးသက်ရောက်မှု လုံးဝမရှိဘဲ တရားရုံး အတုတစ်ခုပင် ဖြစ်ကြောင်း၊ ၄င်းကျင်းပခဲ့သည့် “ကြားနာ စစ်ဆေးပွဲ”ဆိုသည်မှာ တရားရေး အစီအစဉ်တစ်ခု မဟုတ်ဘဲ တရုတ်ပြည်ကို ဆန့်ကျင်ရေး ကြံဖန်လီဆယ်မှုပင် ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။

“ဝေဂါအထူးတရားရုံး” ဆိုသည်မှာ ဗြိတိန်နိုင်ငံတွင် ဖွဲ့စည်းတည်ထောင်သော အရပ်ဘက် အဖွဲ့အစည်း တစ်ခုပင်ဖြစ်ကြောင်း၊ သွေးခွဲရေးကို လှုံ့ဆော်ဝါဒဖြန့်နေသည့် တရုတ်ပြည် ဆန့်ကျင်ရေး အဖွဲ့ “ကမ္ဘာ့ ဝေဂါ ကွန်ဂရက်”သည် “ဝေဂါအထူးတရားရုံး”ကို အဓိက ငွေကြေးထောက်ပံ့သူ ဖြစ်ကြောင်း၊ “ကမ္ဘာ့ ဝေဂါ ကွန်ဂရက်”ဖွဲ့စည်း တည်ထောင်ခါစက ကုလသမဂ္ဂ သတ်မှတ်ထားသော အကြမ်းဖက်အဖွဲ့ ETIMနှင့် ချိတ်ဆက်မှု ပြုလုပ်ပြီး ရှင်းကျန်းတွင် အကြမ်းဖက် တိုက်ခိုက်မှုနှင့် သွေးခွဲရေး လှုပ်ရှားမှုများကို ကြံစည် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့အပြင် “ကမ္ဘာ့ ဝေဂါ ကွန်ဂရက်”သည် အမေရိကန် အမျိုးသား ဒီမိုကရေစီ ဖောင်ဒေးရှင်းမှ အားပေးထောက်ခံမှု ရရှိခြင်းလည်း ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။

“ဝေဂါအထူးတရားရုံး”ဆိုသည်မှာ နောက်ကွယ်တွင် အမေရိကန် အပါအဝင် အနောက်နိုင်ငံများမှ အင်အားစု အချို့၏ နိုင်ငံရေး ကြိုးကိုင်မှုဖြင့် အသုံးပြုသော တရုတ်ပြည် ဆန့်ကျင်ရေး လက်ကိုင်တုတ် တစ်ခုပင် ဖြစ်ကြောင်း၊ “9·11”အရေးအခင်း ဖြစ်ပွားခဲ့သည့် နှစ်၂၀ပြည့်ချိန်တွင် ရှင်းကျန်းအပေါ် “ဝေဂါအထူးတရားရုံး”မှ ယင်းသို့ သားပုပ်လေလွင့် ပြောဆိုခြင်းသည် တရုတ်ပြည်တွင်းရေးတွင် အတင်းအဓမ္မ ဝင်ရောက်စွက်ဖက်ခြင်း ဖြစ်သည့် အပြင် ကမ္ဘာတစ်ဝန်း အကြမ်းဖက်မှု တိုက်ဖျက်ရေး အောင်ကျိုးရလဒ် အပေါ် ဖိနှိပ်မှုလည်း ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။