朱蕾

ကန်သည် တစ်ကမ္ဘာလုံးအား ကိုဗစ်-၁၉ရောဂါမှ မရုန်းထွက်စေနိုင်သော်လည်း တရုတ်မှာမူ လုပ်နိုင်သည်ဟု ကန်မီဒီယာက ဆို

(GMT+08:00)2021-09-15 15:27:41  

၉လခန့်တုန်းက နိုင်ငံအသီးသီးတို့သည် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရေး စီမံကိန်းကို ရှေ့ဆင့်နောက်ဆင့် စတင်ခဲ့သော်လည်း ယခုအထိ တစ်ကမ္ဘာလုံး လူဦးရေ၏ (၅၈)ရာခိုင်နှုန်းသည် တစ်ကြိမ်မှ မထိုးရသေးကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ဝင်ငွေနည်းသောနိုင်ငံများအား အကူအညီပေးပြီး ကာကွယ်ဆေး ညီမျှစွာ မျှဝေခြင်းကို တွန်းအားပေးရန် အကြိမ်ကြိမ် ပန်ကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ထို့ကြောင့် အမေရိကန်မီဒီယာ Axios သည် ၁၃ ရက်နေ့က သတင်းဆောင်းပါးကို ထုတ်ပြန်ခဲ့ရာ အမေရိကန်နှင့် ၎င်း၏ကာကွယ်ဆေးထုတ်လုပ်သောကုမ္ပဏီများသည် ဆင်းရဲသော၊ ကာကွယ်ဆေး မထိုးရသေးသောဒေသများအား ကိုဗစ်-၁၉ရောဂါမှ မရုန်းထွက်စေနိုင်သော်လည်း တရုတ်နိုင်ငံမှာမူ လုပ်နိုင်ဖွယ်ရာရှိကြောင်း ရေးသားဖော်ပြပါသည်။