朱蕾

အမေရိကန်အစား တရုတ်သည် နိုင်ငံခြားမှ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်၏ ပထမဆုံး ရွေးချယ်ရာနေရာ ဖြစ်လာ

(GMT+08:00)2021-09-15 15:27:12  

စက်တင်ဘာလ ၁၁ ရက်နေ့က အမေရိကန် Forbesမဂ္ဂဇင်းမှ သတင်းအရ ၂၀၂၁ခုနှစ်က သတင်းဆောင်းပါးအများစုတွင် တရုတ်နှင့် အမေရိကန်အကြား ကုန်သွယ်ရေးဆိုင်ရာ လက်စားချေတုံ့ပြန်မှုများနှင့် ကိုဗစ်၁၉ရောဂါအတွက် အပြန်အလှန် ပြစ်တင်ရှုတ်ချခြင်းကိုသာ အာရုံစူးစိုက်ကြကြောင်း၊ သို့သော် ဇန်နဝါရီလက ထုတ်ပြန်သည့် သတင်းတစ်ပုဒ်မှာ ကွဲပြားပြီး ကိုဗစ်၁၉ ကြောင့် ကမ္ဘာ့စီးပွားရေး ဗဟိုချက်သည် အရှေ့ဘက်သို့ ရွှေ့ပြောင်းလာသဖြင့် တရုတ်သည် အမေရိကန်အစား နိုင်ငံခြားမှ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်၏ ပထမဆုံး ရွေးချယ်ရာနေရာ ဖြစ်လာကြောင်း ဖော်ပြသည်ဟု သတင်းအရ သိရပါသည်။