朱蕾

အမေရိကန်၊ ဂျပန်၊ အိန္ဒိယ၊ သြစတြေးလျခေါင်းဆောင်များက တရုတ်ကို ကိုင်တွယ်ဖြေရှင်းရန် ဆွေးနွေးပွဲကျင်းပခြင်းနှင့် ပတ်သက်၍ တရုတ် တုံ့ပြန်

(GMT+08:00)2021-09-15 15:22:30  

လာမည့်တစ်ပတ်တွင် အမေရိကန်၊ ဂျပန်၊ အိန္ဒိယ၊ သြစတြေးလျခေါင်းဆောင်များက  “၄ ပွင့်ဆိုင် လုံခြုံရေးဆွေးနွေးပွဲ”ကို ကျင်းပမည်ဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာ၊ အာရှနှင့် ပစိဖိတ်ဒေသတွင်း တရုတ်ပြည်၏ သြဇာသက်ရောက်မှုကို အန်တုဖက်ပြိုင်ခြင်းနှင့် ပတ်သက်သော ပြဿနာများကို ဆွေးနွေးမည့်အပေါ် ယခုလ ၁၄ရက်နေ့က တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက တံခါးပိတ်ထားခြင်း၊ သီးသန့်ခွဲခြားခြင်းနှင့် အခြားနိုင်ငံကို ရည်ရွယ်သော အုပ်စုဖွဲ့ခြင်း ဆောင်ရွက်မှုများသည် ခေတ်ရေစီးကြောင်းနှင့် မကိုက်ညီကြောင်း၊ ဒေသတွင်း နိုင်ငံများ၏ ဆန္ဒများနှင့် ဖီလာဆန့်ကျင်ပြီး အောင်မြင်နိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။