朱蕾

တရုတ်နိုင်ငံသည် နိုင်ငံတကာလူ့အခွင့်အရေးတည်ဆောက်မှုတွင် ဘက်စုံ ပါဝင်မည်

(GMT+08:00)2021-09-15 15:13:34  

တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးသည် ယခုလ ၁၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲကို ကျင်းပပြီး နိုင်ငံတော် လူ့အခွင့်အရေး ဆောင်ရွက်မှုစီမံကိန်း (၂၀၂၁---၂၀၂၅ခုနှစ်) ပါ အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် လီရှောင့်မေက တရုတ်နိုင်ငံသည် နိုင်ငံတကာလူ့အခွင့်အရေး ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်တွင် အခန်းကဏ္ဍသစ် ဖွင့်လှစ်မည်ဖြစ်ပြီး အဓိကအားဖြင့် နယ်ပယ် ၄ခု မှနေ နိုင်ငံတကာ လူ့အခွင့်အရေး တည်ဆောက်မှုတွင် ဘက်စုံ ပါဝင်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် လူ့အခွင့်အရေး လုပ်ငန်း ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်မည် ဖြစ်ပြီး နိုင်ငံတကာလူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်ဉာဏ်နှင့် တရုတ် အဆိုပြုချက်ကို ပေးပို့မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တရားမျှတရေး၊ ဒီမိုကရေစီ၊ လွတ်လပ်ရေး အပါအဝင် လူသားများ၏ ဘုံတန်ဖိုး ဖေါ်ဆောင်စေရန်နှင့် လူသားကံကြမ္မာ အသိုက်အ၀န်း တည်ထောင်ရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။