朱蕾

ကန်၌ ဆိုးရွားသည့် လူ့အခွင့်အရေးပြဿနာရှိသည်ဟု ဖော်ပြကြောင်း လူ့အခွင့်အရေး ကောင်စီတွင် နိုင်ငံအချို့ကိုယ်စား တရုတ်နိုင်ငံက ပူးတွဲမိန့်ခွန်းပြောကြား

(GMT+08:00)2021-09-15 15:21:08  

စက်တင်ဘာလ ၁၄ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၄၈ကြိမ်မြောက် အစည်းအဝေးနှင့် လူ့အခွင့်အရေး အဆင့်မြင့် မဟာမင်းကြီးတို့ ဆွေးနွေးပွဲကို ကျင်းပခဲ့ကြကြောင်း၊ နိုင်ငံအချို့ကိုယ်စား ပူးတွဲမိန့်ခွန်းပြောကြားရာတွင် ဂျီနီဗါဆိုင်ရာ တရုတ် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ သံမှူးကြီး ကျောင်တွမ်းသည် အမေရိကန်၌ ဆိုးရွားသော လူ့အခွင့်အရေးပြဿနာအပေါ် လေးနက်စွာ အာရုံစိုက်မှုကို ဖော်ပြခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

အမေရိကန်အနေနှင့် မှားယွင်းချက်ကို သေချာစွာ ပြန်လည်စဉ်းစားပြီး ပြုပြင်သင့်ကြောင်း၊ မိမိ၏ ပြင်းထန်သော လူ့အခွင့်အရေးပြဿနာကို တိကျစွာ ကိုင်တွယ်ဖြေရှင်းသင့်ကြောင်း၊ မိမိ၏အယူဝါဒနှင့် တန်ဖိုးအမြင်ကို အတင်းအကျပ် တွန်းအားပေးမှုကို ရပ်စဲသင့်ကြောင်း၊ လူ့အခွင့်အရေးကို အကြောင်းပြုပြီး အခြားနိုင်ငံကို ဖိနှိပ်မှုကို ရပ်စဲသင့်ကြောင်း၊ အခြားနိုင်ငံကို စစ်ရေးဝင်ရောက်စွက်ဖက်မှုကို ရပ်စဲသင့် ကြောင်း၊ လူ့အခွင့်အရေးကောင်စီနှင့် လူ့အခွင့်အရေး အဆင့်မြင့် မဟာမင်းကြီးအနေနှင့် အမေရိကန်၏ လူ့အခွင့်အရေးပြဿနာကို ဆက်တိုက် အာရုံစူးစိုက်ရန် ပန်ကြားပြီး အမေရိကန်အား နိုင်ငံတကာ လူ့အခွင့်အရေး ဝတ္တရားကို ထိရောက်တိကျစွာ ဆောင်ရွက်ရန် တိုက်တွန်းကြောင်း ပူးတွဲမိန့်ခွန်းတွင် ပြောကြားခဲ့ပါသည်။