朱蕾

အကြိမ် ၃၀ မြောက် တရုတ်နိုင်ငံတကာ သတင်းဆက်သွယ်ရေးပြပွဲ ပီကင်းတွင် ဖွင့်လှစ်မည်

(GMT+08:00)2021-09-15 15:23:06  

အကြိမ် ၃၀ မြောက် တရုတ်နိုင်ငံတကာ သတင်းဆက်သွယ်ရေးပြပွဲကို စက်တင်ဘာလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ပီကင်းတွင် ကျင်းပသွားမည်ဖြစ်သည်။ ယခုအကြိမ် ပြပွဲကျင်းပသည့် ရည်ရွယ်ချက်မှာ လုပ်ငန်းပေါင်းစုံအတွက် ခင်းကျင်း ပြသမှု၊ ကူးလူးဖလှယ်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် မျှဝေခံစားမှု စသည့် ပလက်ဖေါင်းကို တည်ဆောက်ပြီး၊ သတင်းဆက်သွယ်ရေးနယ်ပယ်၌ သတင်းအချက်အလက်ရေးရာ နည်းပညာနှင့် အသုံးပြုခြင်း တီထွင်ဖန်တီးမှု အောင်ကျိုးရလဒ်များကို အပြည့်အဝပြသရန်၊ ထူးချွန်သော အတွေ့အကြုံများနှင့် အောင်မြင်သော လုပ်ငန်းအစီအစဉ်များကို မျှဝေခံစားရန်နှင့် ကမ္ဘာ့သတင်းဆက်သွယ်ရေးနယ်ပယ်၌ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဖြစ်ကြောင်း China Media Group က ဖော်ပြသည်။