朱蕾

အလယ်တန်း၊ အထက်တန်း ကျောင်းသားကျောင်းသူများအား ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံ့ ကျောရိုးမဏ္ဍိုင်ဖြစ်လာရန် ရှီကျင့်ဖိန် အားပေး

(GMT+08:00)2021-09-15 15:22:02  

စက်တင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက ရှန်ရှီးပြည်နယ် ယွီလင်မြို့တွင် လေ့လာကြည့်ရှုနေသော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်သည် ဆွေဒယ် အလယ်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းသား ကျောင်းသူများနှင့် ခင်မင်ရင်းနှီးစွာ တွေ့ဆုံခဲ့ပါသည်။ ရှီကျင့်ဖိန်က ကျောင်းသား ကျောင်းသူများအား ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး ဆိုရှယ်လစ်တည်ဆောက်သူဖြစ်ကာ လူ့အဖွဲ့အစည်းတည်ဆောက်ရေးအတွက် ကြိုးပမ်း၍ နိုင်ငံ့ ကျောရိုးမဏ္ဍိုင် ဖြစ်လာရန် အားပေးခဲ့ပါသည်။