朱蕾

ရှီကျင့်ဖိန်သည် ရှန်ရှီးပြည်နယ်တွင် ဆက်လက် ကွင်းဆင်းလေ့လာ

(GMT+08:00)2021-09-15 15:26:04  

ရှီကျင့်ဖိန်သည် ရှန်ရှီးပြည်နယ်တွင် ဆက်လက် ကွင်းဆင်းလေ့လာ_fororder_))春风(梅

ယခုလ ၁၄ရက်နေ့က တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ရှန်ရှီးပြည်နယ် ဆွေဒယ်ခရိုင် ကျန်းကြားပျန် မြို့နယ် ဟော်ကြားချောင် ကျေးရွာသို့ သွားရောက်ပြီး ကျေးလက်ဒေသ ရှင်သန်မှု ဘက်စုံ တွန်းအားပေးရေးနှင့် ပတ်သက်၍ ကွင်းဆင်းလေ့လာခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရသည်။

  ၁၈ကြိမ်မြောက် တရုတ် ပြည်လုံးဆိုင်ရာ ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်များ ညီလာခံ ကျင်းပခဲ့သည့် နောက်ပိုင်းတွင် ဟော်ကြားချောင် ကျေးရွာသည် စုပေါင်း စီးပွားရေး အစုရှယ်ယာ သမဝါယမအဖွဲ့ကို တည်ထောင်ပြီး သဘာဝ မြေသြဇာကိုသာသုံးသည့် သစ်သီးဝလံခြံ၊ ပလတ်ပ်စတစ် ပေါင်းမိုးအိမ်၊ ဆိတ်နှင့်ဝက် မွေးမြူရေးခြံ၊ နေစွမ်းအင် လျှပ်စစ်စခန်းများကို တည်ဆောက်ကာ ခေတ်မီ လယ်ယာစိုက်ပျိုးရေး၊ အတိုင်းအတာ အသင့်အတင့်ရှိသော မွေးမြူရေး၊ နေစွမ်းအင်ဖြင့် လျှပ်စစ်ဓါတ်အားပေးရေးနှင့် ကျေးလက်ဒေသ ခရီးသွားရေး ပေါင်းစပ်ထားသော ထူးခြားချက် ဝိသေသ ရှိသည့် လုပ်ငန်းစနစ် ဖြစ်တည်လာကြောင်း၊ ၂၀၂၀ပြည့်နှစ်တွင် ဟော်ကြားချောင် ကျေးရွာ၏ စုပေါင်း စီးပွားရေး ဝင်ငွေ ပမာဏမှာ ယွမ် ၁သန်း၂သိန်းရှိကြောင်း၊ လူတစ်ဦးချင်း ပျမ်းမျှ ဝင်ငွေ ပမာဏမှာ ၁၁၅၄၃ယွမ် ရှိကြောင်း၊ ယခုနှစ် ဖေဖော်ဝါရီလတွင် ဟော်ကြားချောင် ကျေးရွာသည် “တစ်ပြည်လုံး ဆင်းရဲမှု ပပျောက်စေရေး စံပြကျေးရွာ”ဆုကို ရရှိခဲ့ကြောင်း သိရသည်။