马宁

အမေရိကန်နိုင်ငံသည် အာဖဂန်၏စီးပွားရေး အကျပ်အတည်း လျော့ပါးစေရန် ကူညီပေးရမည်ဟု ကျောက်လိကျန်း ဆို

(GMT+08:00)2021-09-14 13:37:31  

  တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ယခုလ ၁၃ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် အာဖဂန်ပြဿနာ၏ အစပြုသူအဖြစ် အမေရိကန်နိုင်ငံသည် အာဖဂန်နိုင်ငံအပေါ် ကတိပြုချက်များကို ထိရောက်စွာ အကောင်အထည်ဖေါ်ဆောင်ရပြီး ထမ်းဆောင်သင့်သော တာဝန်ဝတ္တရားများကို ထမ်းဆောင်ရမည် ဖြစ်၍ အာဖဂန်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်မှု လွတ်လပ်ရေးကို လေးစားသည့် အခြေခံတွင် အာဖဂန်နိုင်ငံ၏ စီးပွားရေး အကျပ်အတည်း လျော့ပါးစေရန် ကူညီပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှသတင်းအရသိရပါသည်။

  မကြာမီက ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က အာဖဂန်နိုင်ငံတွင် စီးပွားရေး ပြိုကျမှု ပေါ်ထွက်သောကြောင့် နိုင်ငံတကာမိသားစုကြီးအား အာဖဂန်နိုင်ငံ အတွက် ငွေရင်းထုတ်ပေးရန် ပန်ကြားခဲ့သည်ဟု သတင်းရရှိပါသည်။