马宁

ဝမ်ယိသည် စင်ကာပူ ဒုဝန်ကြီးချုပ်နှင့် တွေ့ဆုံ

(GMT+08:00)2021-09-14 11:46:06  

ဝမ်ယိသည် စင်ကာပူ ဒုဝန်ကြီးချုပ်နှင့် တွေ့ဆုံ_fororder_王瑞杰1

  ဒေသစံတော်ချိန် စက်တင်ဘာလ ၁၃ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် စင်ကာပူနိုင်ငံ ဒုဝန်ကြီးချုပ်၊ တရုတ်-စင်ကာပူ နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မတီဆိုင်ရာ စင်ကာပူဘက်ဥက္ကဋ္ဌ Heng Swee Keatနှင့် စင်ကာပူ၌ တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ဝမ်ယိသည် စင်ကာပူ ဒုဝန်ကြီးချုပ်နှင့် တွေ့ဆုံ_fororder_王瑞杰2

  ဝမ်ယိက တရုတ်နိုင်ငံသည် စင်ကာပူနိုင်ငံနှင့်အတူ ဒီဂျစ်တယ်နည်းပညာဖြင့် တရုတ်-စင်ကာပူ “3+1”ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း အစီအစဉ်နှင့် “7+1” ပူးပေါင်း ဆောင်ရွက်ရေး စနစ်တို့၏ အဆင့်ကို တိုးမြှင့်ပြီး တံခါးဖွင့်သော၊ သက်ညှာ ထောက်ထားသော၊ လုံခြုံသော ဒီဂျစ်တယ်စီးပွားရေးစည်းကမ်းဥပဒေ ချမှတ်ရန် တွန်းအားပေး၍ မြစိမ်းရောင် စီးပွားရေး စသောနယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ကာ နှစ်နိုင်ငံနှင့် ဒေသတွင်း စီးပွားရေး နာလန်ပြန်ထူရန် တွန်းအားပေးလိုကြောင်း ပြောကြားပါသည်။

ဝမ်ယိသည် စင်ကာပူ ဒုဝန်ကြီးချုပ်နှင့် တွေ့ဆုံ_fororder_王瑞杰3

  ကိုဗစ်-၁၉ရောဂါ အခြေအနေတွင် စင်ကာပူ၊တရုတ်တို့ အဆင့်မြင့်ခေါင်းဆောင် များအကြား ကူးလူးဖလှယ်မှုကို ထိန်းသိမ်းထားခြင်းသည် နှစ်နိုင်ငံ အားဖြည့်ပူးပေါင်း ဆောင်ရွက်ရေးအတွက် အရေးကြီးအဓိပ္ပါယ်ရှိကြောင်း၊ စင်ကာပူဘက်သည် အသစ်တစ် ကြိမ် စင်ကာပူ-တရုတ် နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မတီ အစည်းအဝေးကို ကျင်းပနိုင်ရန် မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ကပ်ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေး၊ ဒီဂျစ်တယ်စီးပွားရေး၊ မြစိမ်းရောင် ငွေရေးကြေးရေး၊ ရာသီဥတုပြောင်းလဲမှု စသောနယ်ပယ်များ၌ ဆက်လက် အားဖြည့်ပူးပေါင်းဆောင်ရွက်လိုကြောင်း Heng Swee Keatက ပြောကြားပါသည်။