马宁
Sunday, 30  Mar 2025

Sinopharm Group သည် ကိုဗစ်-၁၉အထူးကုသဆေး ၂ မျိုး တီထွင်နေ

(GMT+08:00)2021-09-14 14:48:25  

  လက်ရှိအချိန်တွင် Sinopharm Group သည် ကိုဗစ်-၁၉ ကူးစက်ရောဂါ အထူးကုသဆေး ၂ မျိုးကို သုတေသနပြု ဖော်ထုတ်လျက်ရှိသည်။ Sinopharm Group မှ တရုတ် ဇီဝ ဗေဒ ထိပ်တန်းသိပ္ပံပညာရှင် ကျန်းယွင်ထောက်က ဤကုသဆေးနှစ်မျိုးသည် ဗိုင်းရပ်စ် တိုက်ဖျက်ရန်နှင့် ကူးစက်ခံရပြီးနောက် လူ့ခန္ဓာကိုယ်ရှိ ဗိုင်းရပ်စ်ပမာဏ လျှော့ချရန် ဖြစ်ကြောင်း၊ ၄င်းဆေး၂ မျိုးသည် အဓိကအားဖြင့် အစောပိုင်း သို့မဟုတ်၊ အလယ်အလတ် လက္ခဏာရှိသူများအပေါ် ထိရောက်မှု ပိုရှိကြောင်း ရှင်းလင်းဖေါ်ပြခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။