李悦

၁၈ကြိမ်မြောက်တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် လက်မှတ်ရေးထိုးသည့် ရင်းနှီးမြှုပ်နှံမှု ပမာဏ တရုတ်ယွမ်ငွေဘီလီယံ၃၀၀ကျော် ရှိ

(GMT+08:00)2021-09-12 11:29:32  

၁၈ကြိမ်မြောက်တရုတ်-အာဆီယံကုန်စည်ပြပွဲ၊ တရုတ်-အာဆီယံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံကွမ်ရှီးကျွမ့်လူမျိုးကိုယ်ပိုင်အုပ်ချုပ် ရေးဒေသ နန်နင်းမြို့တွင် ကျင်းပနေပါသည်။ စက်တင်ဘာလ၁၁ရက်နေ့အထိ လုပ်ငန်း အစီအစဉ် ၁၇၉ခု သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ပြီဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းပမာဏမှာ တရုတ်ယွမ်ငွေ ဘီလီယံ၃၀၀ကျော် ရှိပါသည်။

တရုတ်-အာဆီယံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ဖိုရမ်များတွင် တရုတ်၊ အာဆီယံနှင့် ပါကစ္စတန်စသည့်နိုင်ငံများမှ အရာရှိများ၊ ပညာရှင်များနှင့် လုပ်ငန်းရှင်များသည် တရုတ်နှင့်အာဆီယံအကြား နည်းပညာလွှဲပြောင်း ပေးအပ်ရေး၊ တီထွင်ဆန်းသစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ လျှပ်စစ်ဓာတ်အား၊ လယ်ယာစိုက်ပျိုးရေးနှင့် လေကြောင်းစသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။