李悦

ပထမဆုံးအကြိမ် တရုတ်-အာဆီယံ မြို့ပြလေကြောင်း လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ကျင်းပ

(GMT+08:00)2021-09-12 11:30:31  

    ယခုလ ၁၁ရက်နေ့ နံနက်ပိုင်းတွင် ပထမဆုံးအကြိမ် တရုတ်-အာဆီယံ မြို့ပြလေကြောင်း လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို ကျင်းပခဲ့ရာ တက်ရောက်သူများသည် မြို့ပြလေကြောင်း လုပ်ငန်းနယ်ပယ်တွင် တရုတ်နှင့် အာဆီယံ နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ကူးလူးဖလှယ်မှု အောင်ကြိုးရလဒ်များကို အတူမျှဝေခဲ့ကြကြောင်း၊ ထို့အပြင် မြို့ပြလေကြောင်း လုပ်ငန်း အပေါ် ကိုဗစ် ၁၉ ကပ်ရောဂါ၏ ထိခိုက်မှု၊ နာလန်ပြန်ထူခြင်း တိုးတက်မှုကို မည်သို့ ပိုမိုလျင်မြန်စွာ အကောင်အထည် ဖော်ဆောင်ရေးနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြကြောင်း China Media Groupမှ သတင်းအရ သိရသည်။

    သက်ဆိုင်ရာ ပညာရှင်များက လာမည့် အဆင့်ကာလတွင် တရုတ်ပြည်နှင့် အာဆီယံတို့သည် ကမ္ဘာတစ်ဝန်း ကပ်ရောဂါ အခြေအနေနှင့် အညီ နိုင်ငံတကာ ခရီးသည်တင် လေကြောင်း ခရီး မူဝါဒကို အချိန်မရွေး သိပ္ပံနည်းကျစွာ ထိန်းညှိမည် ဖြစ်ကြောင်း၊ ကပ်ရောဂါ အခြေအနေကို ကောင်းမွန်စွာ ထိန်းချုပ်သည့် တစ်ချိန်တည်းတွင် မြို့ပြလေကြောင်းကုမ္ပဏီများအား ပြန်လည်လည်ပတ်ရန် အားပေးမည် ဖြစ်ကြောင်း ဖော်ပြသည်။

 

ပထမဆုံးအကြိမ် တရုတ်-အာဆီယံ မြို့ပြလေကြောင်း လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ကျင်းပ_fororder_民航1

ပထမဆုံးအကြိမ် တရုတ်-အာဆီယံ မြို့ပြလေကြောင်း လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ကျင်းပ_fororder_民航3

ပထမဆုံးအကြိမ် တရုတ်-အာဆီယံ မြို့ပြလေကြောင်း လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ကျင်းပ_fororder_民航2