莫小欣

တရုတ်-အာဆီယံ ကုန်စည်ပြပွဲမှ တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှု ညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပ

(GMT+08:00)2021-09-11 19:09:55  

ယခုလ ၁၁ ရက်နေ့တွင် ၁၈ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲမှ တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှု ညှိနှိုင်းဆွေးနွေးပွဲကို နန်နင်းမြို့၌ ကျင်းပခဲ့ပါသည်။  တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေ၊ နန်နင်းမြို့ရှိ မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်းတို့သည် ဖိတ်ကြားချက်အရ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြပါသည်။ တရုတ် မြန်မာနှစ်နိုင်ငံ ကုမ္ပဏီများမှ တာဝန်ရှိသူများသည် တရုတ်-မြန်မာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး ပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

တရုတ်-အာဆီယံ ကုန်စည်ပြပွဲမှ တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှု ညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပ

သံအမတ်ကြီး ဦးမျိုးသန့်ဖေသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒ၊ ဥပဒေ စသဖြင့်နှင့်ပတ်သက်ပြီး မိတ်ဆက်ရှင်းပြပြီး တရုတ်-အာဆီယံကုန်စည်ပြပွဲမှတဆင့် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန် မျှော်လင့်သည်ဟု ပြောကြားခဲ့ပါသည်။

CMCEEC အဖွဲ့မှ အဆင့်မြင့် အတိုင်ပင်ခံ၊ တရုတ် MCC ကုမ္ပဏီအုပ်စုမှ ဒုတိယ ဒါရိုက်တာချုပ်ဟောင်း ရှူရှန်ချွန်သည် မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံ၏ စံမံကိန်းများကို ရှင်းလင်းစပြောကြားကာ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်ပြီး တရုတ်ကုမ္ပဏီများအတွက် အကြံပြုချက်များ ပေးခဲ့ပါသည်။တရုတ်-အာဆီယံ ကုန်စည်ပြပွဲမှ တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှု ညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပ_fororder_IMG_3691

ဆွေးနွေးပွဲတွင် တရုတ် မြန်မာ နှစ်နိုင်ငံမှ ကုမ္ပဏီများသည် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု စာချုပ်များကို ချုပ်ဆိုခဲ့ကြပါသည်။

ယခုနှစ်သည် တရုတ်-အာဆီယံ ဆက်သွယ်ရေး ထားရှိခဲ့သည့် နှစ် ၃ဝ ပြည့်မြောက်သည့်နှစ် ဖြစ်သည်။ ၁၈ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို ယခုလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ နန်နင်းမြို့၌ ကျင်းပမည်ဟု China Media Group မှ သတင်းအရ သိရပါသည်။