马宁

အမေရိကန်အား ဗိုင်းရပ်စ်အရင်းအမြစ်စုံစမ်းစစ်ဆေးသော အလံကိုကိုင်ပြီး အပြစ်လွှဲချသော လုပ်ဆောင်ချက်ကို ရပ်စဲရန် တရုတ်တိုက်တွန်း

(GMT+08:00)2021-08-31 11:25:44  

  တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က အမေရိကန်ဘက်အား အသက်ကို မြတ်နိုးပြီး သိပ္ပံနည်းပညာကို လေးစားကာ ဗိုင်းရပ်စ်အရင်းအမြစ် စုံစမ်းစစ်ဆေးသော အလံကိုကိုင်ပြီး အပြစ်လွှဲချသောလုပ်ဆောင်ချက်ကို ရပ်စဲ၍ ကပ်ရောဂါပူးပေါင်းတိုက်ဖျက်ရေး၊ ဗိုင်းရပ်စ်အရင်းအမြစ် သိပ္ပံပညာကျကျ စုံစမ်းစစ်ဆေးရေးလမ်းကြောင်းပေါ်သို့ ဆောလျင်စွာ ပြန်လည်ရောက်ရှိရန် တရုတ်ဘက်မှ တိုက်တွန်းကြောင်း ယခုလ ၃၀ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားပါသည်။

  အမေရိကန်ဘက်သည် မကြာခင်က ဗိုင်းရပ်စ်အရင်းအမြစ် စုံစမ်းစစ်ဆေးရေးအစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။ ဝမ်ဝင်ပင်က သက်ဆိုင်ရာမေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး မာကျောင်ရှုနှင့် နိုင်ငံတော်ကျန်းမာရေးကော်မရှင် ဒုဥက္ကဋ္ဌ ကျင်ယိရှင်းတို့သည် စကားပြောကြားခြင်းနှင့် တွေ့ဆုံမေးမြန်းခန်းလက်ခံခြင်းတို့ဖြင့် တရုတ်ဘက်၏ ရပ်တည်ချက်ကို ဖေါ်ပြပြီး ဖြစ်ကြောင်း ပြောကြားပါသည်။