马宁

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဟောင်း၏ အိတ်ဖွင့်ပေးစာသည် ကိုဗစ်-၁၉ ဗိုင်းရပ်စ် အရင်းအမြစ် ရှာဖွေရေးအပေါ် အမေရိကန်က တရုတ်နိုင်ငံကို မဟုတ်မမှန် ပုတ်ခတ်ပြောဆိုခြင်း ဆိုင်ရာ နောက်ထပ် ထင်ရှားသော သက်သေတစ်ခုဖြစ်ကြောင်း တရုတ်ဆို

(GMT+08:00)2021-08-31 13:22:30  

  အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဟောင်း ခရစ်စတိုဖာ ဖို့ဒ်သည် အိတ်ဖွင့်ပေးစာတစ်စောင် ထုတ်ပြန်ခဲ့ဖူးသည်။ ယင်းစာတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ လူအချို့က “ကိုဗစ်-၁၉ ဗိုင်းရပ်စ် ဓါတ်ခွဲခန်းမှ ယိုထွက်သည်”ဟူခြင်းကို လုပ်ကြံဖန်တီးသည့် ဖြစ်စဉ်ကို ဖော်ထုတ်ထားသည်။ ၄င်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ယင်းသည် ကိုဗစ်-၁၉ ဗိုင်းရပ်စ် အရင်းအမြစ် ရှာဖွေရေးအပေါ် အမေရိကန်နိုင်ငံက တရုတ်နိုင်ငံကို မဟုတ်မမှန် ပုတ်ခတ်ပြောဆိုခြင်း ဆိုင်ရာ နောက်ထပ် ထင်ရှားသည့် သက်သေ တစ်ခုဖြစ်ကြောင်း သြဂုတ်လ ၃၀ရက်နေ့တွင် ပြောကြားခဲ့ပါသည်။