马宁

ကန်နိုင်ငံရေးသမားများအား သိပ္ပံနည်းပညာသုတေသနပြုမှုကို နိုင်ငံရေးကစားမှုဖြင့် လွှမ်းမိုးခြင်း ရပ်စဲရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တိုက်တွန်း

(GMT+08:00)2021-08-17 13:59:34  

  သြဂုတ်လ ၁၆ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယဉ်က တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံရေးသမားများအား သိပ္ပံနည်းပညာ သုတေသနပြုမှုကို နိုင်ငံရေးကစားမှုဖြင့် လွှမ်းမိုးခြင်း ရပ်စဲရန် တိုက်တွန်းကြောင်း ပြောကြားခဲ့ပါသည်။

  “အမေရိကန်နိုင်ငံရှိ အာရှပစိဖိတ် အနွယ်ဖွားများအပေါ် မုန်းတီးမှု ရပ်စွဲရေးအဖွဲ့”မှ သြဂုတ်လ ၁၂ရက်နေ့က ထုတ်ပြန်ခဲ့သည့်အစီရင်ခံစာတွင် ၂၀၂၀ပြည့်နှစ် မတ်လ ၁၉ရက်နေ့မှ ၂၀၂၁ခုနှစ် ဇွန်လ ၃၀ရက်နေ့အထိ မိမိအဖွဲ့သည် အမေရိကန်နိုင်ငံရှိ အာရှပစိဖိတ်အနွယ်ဖွားများအပေါ်မုန်းတီးမှုဖြစ်ရပ် ၉၀၈၁ခုကို မှတ်တမ်း တင်ခဲ့ကြောင်း၊ အမေရိကန်နိုင်ငံ၏ လူမျိုးရေးခွဲခြားမှုဝါဒနှင့် Xenophobia ကို မလျှော့ချဘဲ ပိုမိုပြင်းထန်လာသည်ကို ပြဆိုနိုင်ကြောင်း၊ အမေရိကန်အရာရှိများသည်  တရုတ်လူမျိုးတို့ကို ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့လာစေသော ဓားစာခံအဖြစ် ဆက်လက် ထားလျှင် အခြေအနေ ပိုမိုဆိုးဝါးလာမည်ဖြစ်ကြောင်း ဖော်ပြပါသည်။