马宁

လာမည့်အဆင့်ကာလ တစ်ကမ္ဘာလုံးတွင် ကိုဗစ်-၁၉ အရင်းအမြစ်ရှာဖွေခြင်းလုပ်ငန်းကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ဝင်နိုင်ငံများမှ ဦးဆောင်လုပ်ကိုင်ရမည်ဟု တရုတ်ဆို

(GMT+08:00)2021-08-17 13:55:00  

  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အတွင်းရေးမှူးရုံးမှ မကြာမီက ထုတ်ပြန်ခဲ့သော ကိုဗစ်-၁၉ အရင်းအမြစ်ရှာဖွေခြင်းဆိုင်ရာ ကြေညာချက်ကို ရည်ညွှန်းပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယဉ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် အဖွဲ့ဝင်နိုင်ငံများမှ ဦးဆောင်ခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ အရင်းအမြစ်ရှာဖွေရေးလုပ်ငန်းသည် အရေးကြီး၍ လာမည့်အဆင့်ကာလ တစ်ကမ္ဘာလုံးတွင် ကိုဗစ်-၁၉ အရင်းအမြစ် စုံစမ်းရှာဖွေရေး လုပ်ငန်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင် နိုင်ငံများက ဦးဆောင် လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အတွင်းရေးမှူးရုံးသည် နောက်ဆက်တွဲစနစ် အပါအဝင် တစ်ကမ္ဘာလုံးတွင် ကိုဗစ်-၁၉ အရင်းအမြစ် ရှာဖွေရေးလုပ်ငန်း အစီအစဉ်နှင့်ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများနှင့် ပြည့်ပြည့်ဝဝ ညှိနှိုင်းတိုင်ပင်သင့်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညီလာခံ၏ သက်ဆိုင်ရာဆုံးဖြတ်ချက်များကို သေချာ ထိရောက်စွာ ဖေါ်ဆောင် ကျင့်သုံးကာ အဖွဲ့ဝင်နိုင်ငံများ၏ သဘောထားအမြင်များကို လေးစားပြီး သက်ဆိုင်ရာနိုင်ငံများတွင် ဗိုင်းရပ်စ်ရှာဖွေရေးလုပ်ငန်း အစီအစဉ်များနှင့်ပတ်သက်၍ ယင်းနိုင်ငံများနှင့် တိုင်ပင်ဆွေးနွေးပြီး ချမှတ်ကာ၊ ယင်းအခြေခံ ပေါ်၌ ပူးပေါင်းဆောင်ရွက်မှုကို ထိရောက်စွာ လုပ်ဆောင်သင့်ကြောင်း သြဂုတ်လ ၁၆ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။