马宁

ကိုဗစ်-၁၉ ဗိုင်းရပ်စ်အရင်းအမြစ် စုံစမ်းစစ်ဆေးရေးကို တစ်ကမ္ဘာလုံးပူးပေါင်းဆောင်ရွက်မှု ဖြင့် သိပ္ပံနည်းပညာနှင့် အဖြစ်မှန်ကို အခြေခံပြီး လုပ်ဆောင်သင့်သည်ဟု အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ် ဆို

(GMT+08:00)2021-08-05 16:40:07  

  သြဂုတ်လ ၄ရက်နေ့က အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ် Kung Phoakမှ ရေးသား ဖော်ပြသော“ကိုဗစ်-၁၉ရောဂါကူးစက်မှုကြီးကို ပြန်လည်သုံးသပ်ခြင်း- ကိုဗစ်-၁၉ ရောဂါကို နိုင်ငံရေးကိစ္စအဖြစ် မလုပ်သင့်”ဟူသော ဆောင်းပါးတွင် ကိုဗစ်-၁၉ဗိုင်းရပ်စ် အရင်းအမြစ် စုံစမ်းစစ်ဆေးရေးကို တစ်ကမ္ဘာလုံးပူးပေါင်းဆောင်ရွက်မှုဖြင့် သိပ္ပံ နည်းပညာနှင့် အဖြစ်မှန်ကို အခြေခံပြီး လုပ်ဆောင်သင့်ကြောင်း၊ နိုင်ငံရေးကိစ္စအဖြစ် လုပ်ခြင်းမှာ အသက်ကယ်ဆယ်ရေးဆိုင်ရာ စစ်မှန်သောရည်ရွယ်ချက်ကို ဖျက်ဆီးခြင်းပင် ဖြစ်ကြောင်း ဖော်ပြပါသည်။

  ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့နေခြင်းသည် တစ်ကမ္ဘာလုံး အပေါ်  ကျယ်ကျယ်ပြန့်ပြန့် ဂယက်ရိုက်ခတ်နေကြောင်း၊ ကိုဗစ်-၁၉ရောဂါဖြစ်ပွားပြီးနောက် ရောဂါကာကွယ်ထိန်းချုပ်ရေး နည်းလမ်းအချို့ အထူးသဖြင့် ကိုဗစ်-၁၉ဗိုင်းရပ်စ်အရင်း အမြစ် စုံစမ်းစစ်ဆေးရေးကို နိုင်ငံရေးကိစ္စအဖြစ် လုပ်ခြင်း၊ ပုတ်ခတ်ပြောဆိုခြင်းမှာ အမြဲရှိနေပြီး မုန်းတီးမှုနှင့် ပြစ်မှုကျူးလွန်မှုများကို ဖြစ်ပွားစေခဲ့ကြောင်း ၄င်းဆောင်းပါးတွင် ဖော်ပြပါသည်။

  ကိုဗစ်-၁၉ရောဂါသည် လူသားတစ်ရပ်လုံး၏ ဘုံရန်သူဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံအသီးသီး၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ပြီး ကိုဗစ်-၁၉ရောဂါကို ရင်ဆိုင်တိုက်ဖျက်နေလျက် ရှိကြောင်း၊ ယခုနှစ် နှစ်ဆန်းပိုင်းတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် နိုင်ငံတကာပညာရှင်များသည် တစ်ကမ္ဘာလုံး ကိုဗစ်-၁၉ဗိုင်းရပ်စ်အရင်းအမြစ် စုံစမ်းစစ်ဆေးမှုကို ပြုလုပ်ခဲ့ကြကြောင်း၊ စုံစမ်းစစ်ဆေးမှု ရလဒ်အရ ကိုဗစ်-၁၉ဗိုင်းရပ်စ်သည် စမ်းသပ်ခန်းမှ လူထံသို့ ကူးစက်နိုင်ဖွယ်ရာ သိပ်မရှိကြောင်း၊ ယင်းသိပ္ပံနည်းကျသော စုံစမ်းစစ်ဆေးမှုရလဒ်ကို လေးစားသင့်ကြောင်း ၄င်းဆောင်းပါးတွင် ဖော်ပြပါသည်။

  ကိုဗစ်-၁၉ဗိုင်းရပ်စ်အရင်းအမြစ် စုံစမ်းစစ်ဆေးရေးဆိုင်ရာ ပူးတွဲလေ့လာမှုမှာ အလွန်အရေးကြီးကြောင်း၊ သိပ္ပံပညာနှင့် အဖြစ်မှန်ကိုအခြေခံပြီး တစ်ကမ္ဘာလုံး ပူးပေါင်းဆောင်ရွက်မှုဖြင့် လုပ်ဆောင်သင့်ကြောင်း၊ နိုင်ငံရေးကိစ္စအဖြစ် လုပ်ခြင်းမှာ အသက်ကယ်ဆယ်ရေးဆိုင်ရာ စစ်မှန်သောရည်ရွယ်ချက်ကိုဖျက်ဆီးမည်ဖြစ်ကြောင်း ၄င်းဆောင်းပါးတွင် ဖော်ပြပါသည်။

  ကိုဗစ်-၁၉ရောဂါတိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံ၏ အရေးကြီး အကျိုးပြုစွမ်းဆောင်မှုကို ကျေးဇူးတင်ရှိကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာ့အခြားနိုင်ငံနှင့်ဒေသများသို့ ကာကွယ်ဆေးကို တတ်နိုင်သမျှ ပံ့ပိုးကြောင်း၊ ယင်းမှာ စည်းလုံးညီညွှတ်ရေးနှင့် ချစ်ကြည်ရေး စံနမူနာဖြစ်ကြောင်း ၄င်းဆောင်းပါးတွင်လည်း ဖော်ပြပါသည်။