马宁

ကမ္ဘာတစ်ဝန်း အတည်ပြုထားသော ကိုဗစ်-၁၉ ကူးစက်ခံရသူ ဦးရေ ၁၉၉၄၆၆၂၁၁ဦး သို့ ရောက်ရှိ

(GMT+08:00)2021-08-05 10:37:57  

  သြဂုတ်လ ၄ ရက်နေ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နောက်ဆုံးထုတ်ပြန်သော အချက်အလက်များအရ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၁၉၉၄၆၆၂၁၁ဦးသို့ရောက်ရှိခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။

  WHO ဝက်ဘ်ဆိုက်မှ နောက်ဆုံးအချက်အလက်များအရ ဥရောပ အလယ်ပိုင်း ဒေသ စံတော်ချိန် ၄ရက်နေ့ ၁၈ နာရီ ၄၄ မိနစ် အထိ ကမ္ဘာတစ်ဝန်း အတည်ပြုထားသော ရောဂါဖြစ်ပွားသူ ဦးရေမှာ ၃ရက်နေ့နှင့် နှိုင်းယှဉ်ပါက ၅၄၈၁၆၇ ဦး တိုးလာပြီး စုစုပေါင်း ၁၉၉၄၆၆၂၁၁ဦး သို့ ရောက်ရှိလာသည်။ သေဆုံးသူ ဦးရေမှာ ၈၄၃၀ ဦး တိုးလာပြီး စုစုပေါင်း ၄၂၄၄၅၄၁ဦး သို့ ရောက်ရှိခဲ့သည်ဟု သိရသည်။