马宁

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နိုင်ငံတကာဖိုရမ် ပထမ အကြိမ် အစည်းအဝေး ကျင်းပမည်

(GMT+08:00)2021-08-03 12:43:24  

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နိုင်ငံတကာဖိုရမ် ပထမ အကြိမ် အစည်းအဝေး ကျင်းပမည်_fororder_wy2

  သြဂုတ်လ ၅ ရက်နေ့တွင် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နိုင်ငံတကာဖိုရမ် ပထမအကြိမ် အစည်းအဝေးကို ဗီဒီယိုပုံစံဖြင့် ကြီးမှူးကျင်းပမည် ဖြစ်ပါသည်။ ယခုအကြိမ် အစည်းအဝေး၏ ဆောင်ပုဒ်မှာ ကပ်ရောဂါ ကာကွယ်ဆေး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ဆောင်ရွက်ရေး၊ ကမ္ဘာတစ်ဝန်း၌ ကပ်ရောဂါ ကာကွယ်ဆေး တရားမျှတစွာ ခွဲဝေပေးရေးကို တွန်းအားပေးခြင်း ဖြစ်ပါသည်။ သက်ဆိုင်ရာနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဝန်ကြီးများ၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ လုပ်ငန်းကုမ္ပဏီများမှ ကိုယ်စားလှယ်များ ပါဝင်ကြမည် ဖြစ်ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နိုင်ငံတကာဖိုရမ် ပထမ အကြိမ် အစည်းအဝေး ကျင်းပမည်_fororder_wy1

  ယခုအကြိမ် ဖိုရမ်ကို ကျင်းပခြင်းသည် ယခုနှစ် မေလက ကျင်းပခဲ့သော ကမ္ဘာလုံး ဆိုင်ရာ ကျန်းမာရေးထိပ်သီးများ အစည်းအဝေးတွင် ဥက္ကဋ္ဌရှီကျင့်ဖိန်၏ အရေးကြီးမိန့်ခွန်းပါ အနှစ်သာရကို အကောင်အထည်ဖော်ဆောင်ရန် ရည်ရွယ်ထားပြီး ကပ်ရောဂါ ကာကွယ်ဆေး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ကမ္ဘာတစ်ဝန်း၌ တရားမျှတစွာ ရရှိနိုင်စေရေးကို တစ်ဆင့်တိုး တွန်းအားပေးကာ နိုင်ငံအသီးသီးတို့အား ကပ်ရောဂါ အတူတိုက်ဖျက်ရေးကို ထောက်ခံအားပေးရန်လည်း ရည်ရွယ်ထားပါသည်။