马宁

တရုတ်ဖြန့်ဖြူးသော ကိုဗစ်၁၉ရောဂါကာကွယ်ဆေး အသစ်တစ်သုတ်သည် တူနီးရှားသို့ ရောက်ရှိ

(GMT+08:00)2021-08-03 12:42:01  

  ယခုလ ၂ရက်နေ့ နံနက်ပိုင်းက တရုတ်ဖြန့်ဖြူးသော ကိုဗစ်၁၉ရောဂါကာကွယ်ဆေး အသစ်တစ်သုတ်ကို သယ်ဆောင်ထားသော တူနီးရှားစစ်လေယာဉ်သည် တူနီးရှားနိုင်ငံ တူနီးရှားမြို့တော်သို့ ရောက်ရှိခဲ့သည်။ တူနီးရှားနိုင်ငံခြားရေးဝန်ကြီး ဂျာလန်ဒီ၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ရေးနှင့် ကာကွယ်ဆေးဦးစီးဌာနချုပ်မှ ညွှန်ချုပ် ဖီလ်ဂျာနီနှင့် တူနီးရှားဆိုင်ရာ တရုတ်သံအမတ်ကြီး ကျန်းကျန့်ကို တို့သည် လေဆိပ်သို့ ကြိုဆိုခဲ့ကြကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

  ဂျာလန်ဒီက ကိုဗစ်၁၉ ကပ်ရောဂါဖြစ်ပွားပြီး တရုတ်သည် တူနီးရှားသို့ ကာကွယ်ဆေးနှင့် အခြားပစ္စည်းများကို အကြိမ်ပေါင်းများစွာ ထောက်ပံ့ပေးကြောင်း၊ ယင်းသည် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကို တစ်ဆင့်တိုး ခိုင်မာစေကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။

  ကျန်းကျန့်ကိုက တရုတ်သည် နည်းလမ်းမျိုးစုံဖြင့် တူနီးရှား၏ ကိုဗစ်၁၉ရောဂါ ကာကွယ်တိုက်ဖျက်ရေးကို ကူညီပေးပြီး စိတ်ရင်းစေတနာဖြင့် တူနီးရှား၏ ကပ်ရောဂါ တိုက်ဖျက်ရေးကို ထောက်ခံအားပေးကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။