辛甜

မြန်မာနိုင်ငံ ကရင်ပြည်နယ်နှင့် အခြားနေရာများတွင် ရေကြီးမှုကြောင့် လူ ၁၄၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေ

(GMT+08:00)2021-07-29 12:33:37  

မြန်မာနိုင်ငံ ကရင်ပြည်နယ်နှင့် အခြားနေရာများတွင် ရေကြီးမှုကြောင့် လူ ၁၄၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေ_fororder_0729-3

မြန်မာနိုင်ငံ ကရင်ပြည်နယ်နှင့် အခြားနေရာများတွင် ရေကြီးမှုကြောင့် လူ ၁၄၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေ_fororder_0729-2

ပြီးခဲ့သည့် သီတင်းပတ်ကုန်မှစ၍ မြန်မာနိုင်ငံတောင်ပိုင်း ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးသည်းသည်းမြဲမြဲ ရွာသွန်းပြီး ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်။ ကရင်ပြည်နယ် မြဝတီဒေသတွင် လူ ၁၄၆၉ ဦး ဘေးသင့်ပြီး နေအိမ်များ နစ်မြုပ်သဖြင့် ဘေးကယ်ဆယ်ရေး စခန်းသို့ ပြောင်းရွှေ့ပေးခဲ့သည်ဟု ဇူလိုင်လ ၂၈ ရက်နေ့က အစိုးရပိုင် မြန်မာ့အလင်း သတင်းအရ သိရပါသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြဝတီရှိ သောင်ရင်းမြစ်သည် ၉.၆၅ မီတာ စိုးရိမ်ရေမှတ်အထက်သို့ မြင့်တက်ခဲ့သည်။ ဒေသခံ ကယ်ဆယ်ရေး ဌာနသည် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဒေသခံ ပရဟိတအဖွဲ့အစည်းများနှင့် ညှိနှိုင်းပြီး မိသားစု ၃၂၃ စုမှ လူ ၁၄၆၉ ဦးကို ရေဘေးကယ်ဆယ်ရေးစခန်းသို့ ပို့ဆောင်ပေးခဲ့သည်။ လက်ရှိတွင် မြဝတီဒေသ၌ ဘေးကယ်ဆယ်ရေးစခန်း ၁၀ ခု ဖွင့်လှစ်ထားပြီး အစိုးရသည် အစားအစာနှင့်ရေ ထောက်ပံ့ ပေးသည်ဟု သိရသည်။