辛甜

ဗိုင်းရပ်စ်အရင်းအမြစ် စုံစမ်းစစ်ဆေးရေးသည် တည်ကြည်လေးနက်သော သိပ္ပံပညာ အရေး ဖြစ်ပြီး အခြားနိုင်ငံအား လုပ်ကြံသည့် နိုင်ငံရေး ရည်ရွယ်ချက် မဖြစ်သင့်ဟု နိုင်ငံတကာ ပုဂ္ဂိုလ်များ ဖေါ်ပြ

(GMT+08:00)2021-07-29 12:34:27  

ကမ္ဘောဒီးယားနိုင်ငံ ကမ္ဘောဒီးယား-တရုတ်ဆက်ဆံမှုဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ရှယ်မိုနီလယ်က ဗိုင်းရပ်စစ် အရင်းအမြစ် စုံစမ်းစစ်ဆေးရေးမှာ အလွန်တည်ကြည် လေးနက်သော သိပ္ပံပညာအရေးဖြစ်ပြီး၊ ဗိုင်းရပ်စ်အရင်းအမြစ် စုံစမ်းစစ်ဆေးရေးကို နိုင်ငံရေး ပြဿနာဖြစ်အောင် လုပ်ဆောင်ခြင်းကို ပြတ်ပြတ်သားသား ပယ်ချသင့်ကြောင်း မကြာခင်က ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။

အမေရိကန်က တရုတ်ပြည်အပေါ် ရည်ရွယ်ထားသော မဟုတ်မမှန် ပုတ်ခတ်ပြောဆိုမှုများသည် ကိုယ့်နိုင်ငံရေး ရည်ရွယ်ချက် ဖော်ဆောင်ရန်အတွက်ပင်ဖြစ်ကြောင်း၊ သက်သေ အထောက်အထားလုပ်ကြံပြီး အခြားနိုင်ငံအား ချောက်ချခြင်းသည် အမေရိကန်၏ သုံးနေကျ ပရိယာယ်ဖြစ်ကြောင်း အီရန် Press TV မှ မကြာခင်က ဝေဖန်သုံးသပ်မှု အစီအစဉ်တွင် ဖေါ်ပြခဲ့သည်ဟု သတင်းအရ သိရသည်။