辛甜

ကိုဗစ်-၁၉ ရောဂါရင်ဆိုင်ရန် မြန်မာနိုင်ငံက နိုင်ငံတကာမိသားစုကြီးနှင့် ပူးပေါင်း ဆောင်ရွက်မှုကို အားဖြည့်ပြုလုပ်မည်

(GMT+08:00)2021-07-29 12:37:46  

ကိုဗစ်-၁၉ ရောဂါရင်ဆိုင်ရန် မြန်မာနိုင်ငံက နိုင်ငံတကာမိသားစုကြီးနှင့် ပူးပေါင်း ဆောင်ရွက်မှုကို အားဖြည့်ပြုလုပ်မည်_fororder_0729-4

ဇူလိုင်လ ၂၇ ရက်နေ့က နေပြည်တော်၌ ကျင်းပခဲ့သော “ကိုဗစ်-၁၉ ရောဂါ ရင်ဆိုင်ရန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ပြုလုပ်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ ” တွင် မြန်မာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများ၊ ချစ်ကြည်ရေးနိုင်ငံများ၊ ကုလသမဂ္ဂ လုပ်ငန်း ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပြီး ကိုဗစ်-၁၉ ရောဂါကို အတူရင်ဆိုင်သွားမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၀ ပြည့်နှစ်တွင် အာဆီယံအဖွဲ့ ဖွဲ့စည်းထားသည့် ကိုဗစ်-၁၉ ရောဂါ ရင်ဆိုင်ရေး အထူးရန်ပုံငွေအဖွဲ့တွင် မြန်မာနိုင်ငံက ပါဝင်ကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့မှနေတစ်ဆင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ပိုမိုရရှိရန်၊ ချစ်ကြည်ရေးနိုင်ငံများ၊ ကုလသမဂ္ဂလုပ်ငန်းအဖွဲ့များနှင့် အားဖြည့်ဆက်သွယ်ပြီး ပိုမို များပြားသော ထောက်ပံ့ ကူညီမှု ရရှိရန် ကြိုးစားမည် ဖြစ်ကြောင်း ဖော်ပြပါသည်။