辛甜

ဝမ်ယိသည် ကိုဗစ်-၁၉ ကာကွယ်ဆေး ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံတကာဖိုရမ် ပထမအကြိမ် အစည်းအဝေးကို ကြီးမှူး ကျင်းပမည်

(GMT+08:00)2021-07-29 17:39:05  

    တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက၊ တရုတ် နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် သြဂုတ်လ ၅ ရက်နေ့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံတကာဖိုရမ် ပထမအကြိမ် အစည်းအဝေးကို ကြီးမှူး ကျင်းပမည် ဖြစ်ကြောင်း၊ အစည်းအဝေးကို ဗီဒီယို အသွင်ပုံစံဖြင့် ကျင်းပမည် ဖြစ်ပြီး အစည်းအဝေး၏ ဆောင်ပုဒ်သည် ကာကွယ်ဆေးဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို အားသစ်လောင်းပေးပြီး နိုင်ငံတကာ ကာကွယ်ဆေး တရားမျှတစွာ မျှဝေရေးကို တွန်းအားပေးခြင်း ဖြစ်ကြောင်း၊ သက်ဆိုင်ရာနိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများ သို့မဟုတ် တာဝန်ရှိ ဝန်ကြီးများ၊ ကုသလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ လုပ်ငန်းကုမ္ပဏီများမှ ကိုယ်စားလှယ်များ စုစုပေါင်း ဘက် ၃၀ ခန့် အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း၊ ယခုအကြိမ် အစည်းအဝေး၏ အစိတ်အပိုင်းအဖြစ်ဖြင့် တရုတ်နှင့် အစည်းအဝေး တက်ရောက်သောနိုင်ငံများမှ ကာကွယ်ဆေးဆိုင်ရာ လုပ်ငန်းကုမ္ပဏီ များသည် ဇူလိုင်လ ၂၉ ရက်နေ့တွင် ကာကွယ်ဆေး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းကုမ္ပဏီများ ဆွေးနွေးပွဲကိုလည်း ကျင်းပမည် ဖြစ်ကြောင်း ယခုလ ၂၉ ရက်နေ့က ကြေညာခဲ့ပါသည်။