辛甜

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေ ဆက်တိုက် ဆိုးရွားလာ၊ ဒေသများစွာတွင် ရေဘေးဖြစ်ပွားသောကြောင့် ကူးစက်ရောဂါကာကွယ်မှုတွင် အခက်အခဲများ ကြုံတွေ့

(GMT+08:00)2021-07-29 12:40:58  

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေ ဆက်တိုက် ဆိုးရွားလာ၊ ဒေသများစွာတွင် ရေဘေးဖြစ်ပွားသောကြောင့် ကူးစက်ရောဂါကာကွယ်မှုတွင် အခက်အခဲများ ကြုံတွေ့_fororder_0729-7

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေ ဆက်တိုက် ဆိုးရွားလာ၊ ဒေသများစွာတွင် ရေဘေးဖြစ်ပွားသောကြောင့် ကူးစက်ရောဂါကာကွယ်မှုတွင် အခက်အခဲများ ကြုံတွေ့_fororder_0729-6

မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဇူလိုင်လ ၂၈ ရက်နေ့ ညက ထုတ်ပြန်ခဲ့သော သတင်းအရ ထိုနေ့တွင် ဓါတ်ခွဲစစ်ဆေးမှုပြုလုပ်ခဲ့သော လူ ၁၃၇၆၃ ဦး ထဲတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄၉၈၀ ရှိပြီး ကူးစက်မှုနှုန်း ၃၆ ရာခိုင်နှုန်း နီးပါးရှိကာ လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူဦးရေ စုစုပေါင်း ၂၈၄၀၉၉ ဦးရှိကြောင်း၊ ထိုနေ့တွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူဦးရေ ၃၆၅ ဦး ရှိပြီး သေဆုံးသူဦးရေ စုစုပေါင်း ၈၂၁၀ ရှိကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ယခုရက်များတွင် မြန်မာနိုင်ငံ ကျန်းမာရေးဌာနများသည် ဆေးဝါးနှင့် အောက်ဆီဂျင် တိုးဖြည့်ခြင်းနှင့် ကာကွယ်ဆေး ထိုးနှံမှု တိုးချဲ့ခြင်းဖြင့် ကူးစက်ရောဂါကို ထိန်းချုပ် နေခဲ့ကြောင်း၊ သို့သော် ရက်များစွာအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် ဒေသများစွာတွင် ကူးစက်ရောဂါကုသရေး စခန်းများ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ရောဂါသည်အမြောက်အမြားကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေး၍ ကူးစက်ရောဂါကာကွယ်ရေးလုပ်ငန်းကို ပြင်းထန်စွာ ဂယက် ရိုက်ခတ်နေကြောင်း၊ တစ်ချိန်တည်းတွင် ကိုဗစ်-၁၉ ကူးစက်မှု အခြေအနေ ပြင်းထန်ဆိုးရွားလာသောကြောင့် ရောဂါသည်များစွာ သေဆုံးခဲ့ရကြောင်း သတင်း ရရှိပါသည်။