辛甜

တရုတ်ဗဟိုအစိုးရသည် လုပ်ဆောင်ချက်များဖြင့် ဟိုနန်ရေဘေးအန္တရာယ် ကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အားပေးထောက်ခံ

(GMT+08:00)2021-07-29 12:35:09  

တရုတ်ပြည် ဟိုနန်ပြည်နယ်တွင် မကြုံစဖူးသည့် မိုးကြီးရွာသွန်းခဲ့သဖြင့် ဆိုးရွားသော ရေဘေးအန္တရာယ်ခံခဲ့ရပြီးနောက် တရုတ်ဗဟိုအစိုးရသည် လုပ်ဆောင်ချက်များစွာတို့ဖြင့် ဟိုနန်ပြည်နယ် ရေဘေးအန္တရာယ် ကယ်ဆယ်ရေးနှင့် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများကို အားပေးထောက်ခံလျက်ရှိသည်ဟု China Media Group မှ သတင်းအရ သိရသည်။

ယခုလ ၂၈ ရက်နေ့က ဘဏ္ဍာရေးဝန်ကြီးဌာနသည် ထောက်ပံ့ကြေး တရုတ်ယွမ် သန်း ၃၀၀၀ ကို ထုတ်ပေးပြီး ဟိုနန်ပြည်နယ်၏ ပြန်လည် တည်ဆောက်ရေး လုပ်ငန်များကို အားပေး ထောက်ခံသည်ဟု သတင်းအရ သိရသည်။