辛甜

တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အခမ်းအနား ခမ်းနားသိုက်မြိုက်စွာ ကျင်းပ

(GMT+08:00)2021-07-01 08:29:25  

တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အခမ်းအနား ခမ်းနားသိုက်မြိုက်စွာ ကျင်းပ_fororder_0701-4

   တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို ယခုလ ၁ ရက်နေ့ က ပီကင်း ထျန်းအင်းမင် ရင်ပြင်ကြီး၌ ခမ်းနားသိုက်မြိုက်စွာ ကျင်းပပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အခမ်းအနားသို့ တက်ရောက်ပြီး အရေးကြီး မိန့်ခွန်း ပြောကြားပါသည်။ ပါတီဝင်နှင့် ပြည်သူလူထု ၇ သောင်းကျော်တို့သည် ယခုအကြိမ် အခမ်းအနားသို့ တက်ရောက်ကြပါသည်။